🌺ဦး မချစ်ခဲ့သော် 🌺/Part - 14/
***********💔**********"ဒီကိစ္စကို ဘယ်သူမှဝင်မပါနဲ့~~~~
အနွံ_ကိုယ်တိုင်ဖြေရှင်းမယ်"''ရှင်!!"
"ဟင်"
အနွံ_၏စကားကြောင့်နုနယ်နှင့်ဒေါ်မြနွယ်
မျက်လုံးတွေပြူးလာပြီးရင်ထဲဝယ်
စိုးရိမ်တုန်လှုပ်မှုများကြီးစိုးလာသည်။
တစ်ယောက်နှင့်တစ်ယောက်ကြောင်ကြည့်ရင်း
ဘာတွေဆက်ဖြစ်မလဲ တွေးပူပြီး
ထိတ်လန့်နေမိတာနှစ်ယောက်လုံး။သခင်လေးနှင့်မမလေးကူးက
ကြောင်နှင့်ကြွက်လိုမတည့်ကြပါဘူးဆိုမှ
မွေးထားတဲ့တိရစ္ဆာန်တွေကပါရန်ဘက်
ဖြစ်လာပြန်ပြီ။ဟိုလူကအရှုံးမပေး
ဒီလူကအရှုံးမပေးနဲ့မျက်လုံးထဲမှာ
ရန်ပွဲတွေကိုမြင်ယောင်မိနေတော့သည်။"အနွံ_ကိုအပေါ်ထပ်ပြန်လိုက်ပို့ပေးပါ"
"ဟုတ်…မမလေးကူး"
နုနယ်အားအပေါ်ပြန်လို့ပေးဖို့ပြောရင်း
ခေါင်းထဲ၌ဦးခြားကိုဘယ်လိုတုံ့ပြန်ရမလဲ
မနားတမ်းတွေးနေတဲ့သူမ။ခြေထောက်က
ထော့နင်းနင်းနဲ့လှေကားကိုတက်ရင်း
အခန်းဆီလျှောက်လာလိုက်သည်။"ကျွီ"
"ဒီအထိပဲလိုက်ပို့ပေးတော့"
အခန်းတံခါးကိုငြင်သာစွာတွန်းဖွင့်၍
နုနယ်ကိုပြန်လွှတ်လိုက်သည်။တရွေ့ရွေ့
အိပ်ရာဆီလာခဲ့ပြီးမွေ့ရာပေါ်ဘုန်းခနဲ
လှဲချ၍စိတ်မသက်သာစရာတွေကို
ဖြေလျော့လိုက်၏။"အူ~~အူ~~အူးးး"
အနွံ_မွေ့ရာပေါ်လှဲလိုက်သည်နဲ့ဒိုရာက
သူမကိုယ်ပေါ်ကိုခုန်တက်လာပြီး
တအူအူနဲ့အသံပေးနေသည်။
အမွှေးလေးစုတ်ဖွားစုတ်ဖွားနဲ့
လက်ကိုပွတ်သက်နေသေးတယ်"မေမေ မင်းကိုအကောင်းဆုံး
ကာကွယ်ပေးမယ်နော် ရာရာလေး...."လက်တစ်ဖက်ကဒိုရာအားပွေ့ဖက်ရင်း
ကျန်လက်တစ်ဖက်ကခေါင်းလေးကို
ပွတ်၍တစ်ခုခုအားသေချာစဥ်းစားစဥ်
ကျေနပ်စရာအတွေးတစ်ခုကြောင့်
သူမ မျက်နှာလေးဝင်းလက်သွားပြီး''ခင်ဗျားကြီး အနွံ_အပေါ်လုပ်ခဲ့တာတွေကို
နောင်တရအောင် လုပ်ပြမယ် ဟွန်းးးး"
-
-
-
-
''ဘယ်မှာလဲ Appleကိုကိုက်တဲ့ခွေးစုပ်"
ESTÁS LEYENDO
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Romance"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...