🌺 ဦး မချစ်ခဲ့သော် 🌺/ Part - 10/
***********💔************"နုနယ်ရေ…နုနယ်…"
အိမ်အကူမလေးနုနယ်အား အကြိမ်ကြိမ်
ခေါ်နေပေမယ့်ပြန်ထူးသံမကြားရသဖြင့်
အနွံ_ခေါင်းကုတ်မိသည်။ဒီနေ့ကျမှ
အရမ်းပူနေလို့အနွံ_ရေစောစော
ချိုးချင်တာကြောင့်နုနယ်အား
ခေါ်နေခြင်းပင်။သူမ ခြေထောက်ကလမ်းလျှောက်လိုက်တာနဲ့
ဒဏ်ရာကပြန်နာလာတာမို့ လမ်းမလျှောက်ရဲတာပင်။
အရင်ရက်တွေတုန်းကအာဏာဆန်ပြီး
လမ်းလျှောက်တာတွေကြောင့်ဒဏ်ရာကပိုပိုပြီး
ဆိုးလာသည်။ဒဏ်ရာကိုအမြန်ဆုံးပျောက်ချင်လှပါပြီ။
တစ်နေ့တစ်နေ့အခန်းထဲအောင်းနေရတာက
အနွံ_စိတ်မသက်မသာဖြစ်ရတယ်။ဟူးးး
စံအိမ်မှာကပ်နေလေ့မရှိတဲ့သူမ…အခုတော့
အခန်းအပြင်ကနေတောင်မထွက်ရ…"နုနယ်ရေ…အနွံဆီခဏလာပါအုံး…နုနယ်"
အနွံ_ထပ်ခေါ်နေသော်လည်းနုနယ်က
ပေါ်မလာပေ။မိနစ်အနည်းငယ်ကြာသည်အထိ
စောင့်နေလိုက်ပြီးနောက်ဆုံးပေါ်မလာကာမှ
ကိုယ့်ဘာသာကိုယ်ပဲရေချိုးဖို့လုပ်ရတော့သည်။ထော့နင်းထော့နင်းနဲ့ဗီဒိုထဲကသဘက်ကိုယူ၍
ပတ်လိုက်ပြီးရေချိုးခန်းဆီလာခဲ့လိုက်၏။
နံရံကိုအားပြုရင်းဖြေညှင်းစွာလျှောက်လာခဲ့ရာ
ရေချိုးခန်းအဝင်ဝရောက်သည့်အခါမှာတော့''အား!!"
တံခါးကိုမမှီတမှီနဲ့……လှမ်းကိုင်ရာမှ
ချော်ထွက်သွားတာကြောင့်ခြေထောက်က
ခွေခေါက်သွားပြီးလူလည်းပုံလဲကျသွားသည်။
ဒဏ်ရာပေါ်ဒဏ်ရာဆင့်သွားတာကြောင့်နာကျင်မှုကိုအလူးအလဲခံစားရသဖြင့်မျက်ရည်တွေ
ရစ်ဝဲလာမိတော့တယ်။တဆစ်ဆစ်နာကျင်လာတာနဲ့အတူပြန်ထဖို့
အားတွေလျော့ရဲလာ၏။ခဏလောက်ထိ
ထိုင်နေပြီးမှဘေးနံရံကိုအားပြု၍ထဖို့
လုပ်သော်လည်းခြေထောက်ကအရမ်းနာလို့
ထလို့မရခဲ့ပေ။အကြိမ်ကြိမ်ပြန်လဲကျနေတာမို့နာတာက
ပိုပြီးဆိုးဝါးလာတာနှင့်အတူမျက်ရည်တွေလည်း
အဆက်မပြတ်စီးကျလာပါတော့တယ်။
နောက်ဆုံးတော့ဗီဒိုနားအားတရွေ့ရွေ့သွားရင်း
မတ်တပ်ရပ်ရန်အားပြုလိုက်ချိန်မှာတော့
ESTÁS LEYENDO
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Romance"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...