🌺ဦး မချစ်ခဲ့သော်🌺 /Part- 41/
**********💔**********မနက်ခင်း၏ကျေးငှက်တို့သီကျူးသံက
သာယာနာပျော်ဖွယ်ကောင်းစွာနဲ့ နားထဲကို
တိုးဝင်လာသည်နှင့်အတူ မျက်နှာပေါ်ကို
ထိုးကျလာသည့်နေရောင်ကြောင့် မျက်လုံးတွေ
ပွင့်အာလာခဲ့သည်။နေရောင်ကအရမ်းစူးလို့
အနွံ_လက်ကလေးနဲ့ကာရင်း ထဖို့ကြိုးစားတော့
ခါးထက်က တင်းတင်းဖက်ထားတဲ့လက်ကြောင့်
ထလို့မရပဲပြန်ပြီး လဲကျသွား၏။လဲကျသွားသည်နှင့်အတူ ပိုလို့တင်းတင်းကျပ်ကျပ်
ဖက်တွယ်ခြင်းခံရသဖြင့် နာလာသောခါးကြောင့်
မျက်နှာလေးရှုံ့မဲ့လာသည်။ရုန်းမရ ထွက်မရနဲ့
အတန်ငြိမ်၍နေမိချိန်တွင် ညကအဖြစ်အပျက်တွေက
ခေါင်းထဲအစီအရီ ဝင်ရောင်နေရာယူလာတော့၏။
သူမကို တပါးသူအထင်နဲ့အပိုင်သိမ်းကြမ်းတမ်း
ခဲ့တဲ့ ဦးခြား။အနွံ_ဘဝကိုအရင်ကတည်းက
ပုံအပ်ထားတာမှန်ပေမယ့်လည်း လူမှားပြီး
သိမ်းပိုက်ခံရတယ်ဆိုတဲ့ အတွေးစလေးကြောင့်
ပါးပြင်ပေါ် မျက်ရည်ပူတွေကသက်ဆင်း
နေရာယူလာပါတယ်။ရှိုက်သံထွက်ရင် ဦးခြား,နိုးသွားမည်စိုးလို့
ပါးစပ်ကိုပိတ်ရင်း ခါးထက်ကလက်ကို
အသာဖယ်၍ထလိုက်ပြီး ပြန့်ကျဲနေသော
အဝတ်အစားတွေကိုသေချာစီစစ်ယူကာ
အခန်းထဲမှပြေးထွက်လာခဲ့သည်။ပြီးနောက်
ရေချိုးခန်းထဲအပြေးလေး ဝင်ရင်း
အေးစိမ့်လွန်းသည့်ရေပန်းအောက် အချိန်ကြာ
ရပ်နေမိခဲ့တယ်။ရေစက်ရေပေါက်လေးများကြား
မျက်ရည်စလေးတွေလည်း ရောကျနေလျက်ပေါ့ခေါင်းလေးမော့ကာ မျက်ဝန်းတွေကိုမှိတ်ချရင်း
ရေအေးအေးမြမြလေး၏ထိတွေ့မှုကို
သေချာခံစားပြီးရေချိုးတာရပ်လိုက်သည်။
ပြီးနောက် မှန်တင်ခုံရှေ့ထိုင်ပြီးဆံပင်ကို
ရေသေချာသုတ်တော့ လည်တိုင်ကြော့ကြော့နဲ့
ရင်ညွှန့်တစ်ဝိုက်က အနီရင့်ရင့်အမှတ်အသားများကို
မြင်ရတော့ မျက်နှာလေးကတခဏတော့
ရွှင်လန်းလာပြီး ရုတ်ချည်းဆိုသလို
ပြန်ညှိုးကျသွား၏။မိမ်ကိုယ်ကို သေချာကြည့်ရင်းအညိုမဲစွဲနေသည့်
ညှပ်ရိုးတစ်လျောက်ကို လက်နဲ့ထိမိကြည်တော့
YOU ARE READING
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Romance"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...