Part - 55

2.7K 48 0
                                    

🌺ဦး မချစ်ခဲ့သော်🌺 /Part- 55/
**********💔**********

''အူကြူး"

ဦးခြား ခေါ်သံကိုမကြားနိုင်လောက်အောင်
အန်တီခြယ် စကားကြောင့်ရင်ထဲမှာ ထိတ်လန့်
စိုးရွံ့မိကာ လက်ထဲတွင်ကိုင်ထားသည့်
ကော်ဖီခွက်ကကြမ်းပြင်ပေါ် ကျ၍
သူမနှလုံးသားလေးအတိုင်းပင် အစိတ်စိတ်
အမွှာမွှာတွေဖြစ်သွားရသည်။သူမ ဒီစကားကို
ကြားရဖို့ တစ်ချိန်ကကြိုးစားခဲ့ဖူးတယ်။
သို့ပေမယ့် လက်တွေ့မှာတော့လက်ခံနိုင်တဲ့
အင်အားရှိမနေခဲ့တာကို ဝမ်းနည်းမိသည်။

သူမက ဦးခြားအနားမှာနေဖို့ မထိုက်တန်တဲ့သူ၊
ဦးခြားအတွက် အသုံးမဝင်တဲ့သူ သက်သက်လား
မှန်ပါတယ် သူမကအဲ့ဒီအတိုင်းဖြစ်နေခဲ့တာကိုး
မချိပြုံးလေးနဲ့ ခံစားချက်တွေကိုမြိုသိပ်၍
ဦးခြားကို ကြည့်ရင်း

"လက်ကချော်သွားတာ အနွံ_သန့်ရှင်းရေး
လုပ်လိုက်ပါ့မယ်"

မျက်နှာမှာဝမ်းနည်းကြေကွဲနေသည့်အမူအရာကို
မပေါ်အောင်ဖုန်းဖိထားသည့် အူကြူးကို
သူ မရိပ်မိပဲနေပါ့မလား။အဲ့လိုလုပ်ရအောင်
ကိုယ်ကအရူးမှမဟုတ်တာ အူးကြူးရယ်။
ဘယ်လိုပဲအခြေအနေပဲရောက်ရောက်
အူကြူးလက်ကို မြဲမြဲတွဲထားမှာပါ။ထာဝရ
လက်တွဲမဖြုတ်ပါဘူး။နောက်မှ အူကြူးကို
ရှင်းပြရမယ်ဟု တွေးပြီးမာမီအားကြည့်ရင်း

"မာမီ ဘာတွေလာပြောနေတာလဲ"

"မင်း နားလေးနေလား ဟမ်။အနွံတာကူးကို
ကွာရှင်းလိုက်လို့ ငါပြောနေတယ်လေ"

ဆိုဖာပေါ်ကိုမထိုင်နိုင်လောက်အောင် သားကို
စကားပြောချင်နေမိသည်။မျက်နှာကရဲတွက်၍
အကြည့်စူးစူးများနဲ့သားကို လက်ခံရမယ်ဟု
အမူအရာပြနေသော်လည်း သားကသူမရဲ့
စကားကို မျက်ကွယ်ပြုကာအပြုံးအေးနဲ့

"မာမီ~ပြောတိုင်း နာခံရအောင်ကျွန်တော်က
မာမီရဲ့ပုံသွင်းစက်ရုပ်တစ်ရုပ်မဟုတ်ဘူးနော်။
ကျွန်တော်သူမကိုမြတ်နိုးတယ် အသက်ထက်မက
တန်ဖိုးထားချစ်တယ် အရာရာအားလုံးနဲ့
စစ်ခင်းပြီးသူမကို ယူရမယ်ဆိုရင်တောင်
ကျွန်တော် မစွန့်လွှတ်ဘူး။မာမီ ပြောတဲ့အတိုင်း
ကျွန်တော် လုပ်မပေးနိုင်လို့စိတ်မကောင်းပါဘူး
မာမီကို တစ်ခုလောက်တော့ ပြောချင်တယ်
အနွံတာကူးက ကျွန်တော်ရဲ့ဘဝ။သူမသာ
ကျွန်တော့်ရဲ့အသက်တစ်မျှ တန်ဖိုးထား
ချစ်ရတဲ့သူပဲ။ဘယ်သူတွေခွဲခွဲ လက်တွဲ
မဖြုတ်ဘူး။"

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Donde viven las historias. Descúbrelo ahora