🌺ဦး မချစ်ခဲ့သော်🌺 /Part- 43/
**********💔**********''အနွံ_ရဲ့ကိစ္စတွေကဘယ်တုန်းကများ
ခင်ဗျားနဲ့သက်ဆိုင်သွားရတာလဲ
ဦးစည်းတိမ်ယံခြားရဲ့....''''အနွံတာကူး!!!"
သူ့ကိုနည်းနည်းမှမကြောက်ပဲ မထီလေးစားနဲ့
ပြန်ခံပြောလာသည့်သူမကြောင့် နာမည်ကို
စိတ်တိုစွာဖြင့် အော်ခေါ်လိုက်ရာ အိမ်တော်ထဲ
ခြားရဲ့အသံကြီးက ပဲ့တင်ထပ်ဟိန်းဟောက်
သွား၏။ဒေါသထွက်လွန်းလို့ နှုတ်ခမ်းကို
တင်းတင်းစေ့ရင်းသွားတွေကိုဖိကြိတ်ထားမိသည်။
သူမရဲ့မခန့်လေးစားပုံစံကြောင့် ခြား၏ရင်ထဲမှာ
အနီရောင်အဆင့်မုန်တိုင်းတိုက်ခိုက်နေသလိုပါ။မထိတထိမဲ့ပြုံးလေးနဲ့ ရဲရဲတောက်တောက်
ဦးခြား၏မျက်ဝန်းနီများကို အကြောက်အလန့်မရှိ
စူးစိုက်ကြည့်ရင်းပြောလိုက်ပြီး ရင်ဘတ်ကို
လက်သေးသေးတွေနဲ့တွန်းထုတ်ပြီးထဖို့
ကြိုးစားလိုက်သည်။သို့သော်ငြားလည်း"ရှင်~~အနွံကိုလွှတ်!!"
တွန်းထုတ်လိုက်သည့်လက်ကလေးများအား
ဖမ်းဆုပ်၍ တစ်ယောက်ရဲ့အသက်ရှုသံကို
တစ်ယောက် ကြားရလောက်အောင် အနားကို
တိုးကပ်လာသောဦးခြားကြောင့် အနွံ_ရဲ့
ရင်ခုန်သံတွေကတားဆီးမရတဲ့အထိ
မြန်ဆန်လာသည်။ချစ်ဖို့ကြိုးစားတော့
ခင်ဗျားကဆက်မချစ်နိုင်အောင် နှလုံးသားကို
ဒဏ်ရာတွေပေးတယ်။မုန်းဖို့ကြိုးစားကာကျမှ
မမုန်းနိုင်အောင် ခင်ဗျားကပြုစားပြန်တယ်ခင်ဗျားရဲ့စွဲမက်ဖွယ်မျက်ဝန်းညိုညိုနဲ့
ပြုစားတော့ တင်းခံထားတဲ့ အနွံ_နှလုံးသားလေး
ထပ်ပြီး အရည်ပျော်ကျရပြန်ပါပြီ။မဖြစ်နိုင်မှန်း/
မရနိုင်မှန်းသိနေရက်နဲ့ ဘာလို့များ
ခင်ဗျားဆီကအချစ်ကို ရူးမိုက်စွာ
မျှော်လင့်နေမိသေးတာလဲ။ကိုယ့်ကိုကိုယ်
နားမလည်တော့ပါဘူး။''မင်းကငါ့ကိုတောင် အံတုရဲနေပြီပဲ။
တော်တော်သတ္တိတွေကောင်းလာပါ့လား?
ဓီဇိုင်းဇက်က ဘာဆေးတွေများကျွေးလိမ့်ပါလိမ့်""ခင်ဗျား~~ကိုကို့_ကိုဆွဲမထည့်ပါနဲ့။ပြသနာက
ခင်ဗျားနဲ့အနွံကြားက ပြသနာ။ကိုကိုနဲ့
ဘာတစ်ခုမှမပတ်သက်ဘူး!"
VOCÊ ESTÁ LENDO
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Romance"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...