🌺ဦး မချစ်ခဲ့သော်🌺 /Part- 45/
**********💔**********''အနွံတာကူး!!"
''ဟင်~~ဦးခြား~~"
တစ်ယောက်နဲ့တစ်ယောက်စနောက်ရင်း
လာတာမို့ဦးခြားကို မမြင်ပေ။လေသံမာမာကို
ကြားမှ တအံ့တသြနဲ့မော့ကြည့်မိသူက
အနွံရယ်။ဦးခြားကဘယ်လိုလုပ် ဒီကို
ရောက်နေရတာလဲ???အန်တီခြယ်ဆီလား
ဒါမှမဟုတ် သူမကိုလာရှာတာလား???
ဟာ....ဘာတွေတွေးနေမိပါလိမ့်။အတွေးကို
ဖျောက်ပစ်ဖို့ခေါင်းကိုချာခနဲနေအောင်
ရမ်းနေစဥ်တွင်"အာ့!"
ဗြုန်းစားကြီး အနားနားကိုရောက်လာကာ
ဆတ်ခနဲလက်ကိုဆွဲပြီးခေါ်သွားတဲ့
ဦးခြားနောက် ခေါင်းလေးတစောင်းစောင်းနဲ့
ပါသွားခဲ့၏။အိမ်တော်ထွက်ပေါက်ကိုမသွားပဲ
ဧည့်ခန်းဆီဦးတည်သွားနေတဲ့ ဦးခြားကို
နားမလည်ပါးမလည်ပုံစံနဲ့ငေးကြည့်မိသည်။
မျက်နှာကြီးမဲမှောင်နေသဖြင့် စိတ်တိုနေမှန်း
သိသာနေတယ်။ခြယ်လည်း မောင်လေးဖြစ်သူ၏
အပြုအမူများကိုရိပ်မိတာကြောင့်ဘေးနားက
ဓီဇိုင်းဇက်ကိုအားနာအပြုံးလေးနဲ့တုံ့ပြန်
မိသည်။အစကတော့ကူးကူးကသူမဆီ
လာတာပါ ဒါမယ့်ကူးကူးကားကပျက်သွားလို့
ဓီဇိုင်းဇက်ကားနဲ့ဆေးခန်းဆီလာမယ်
ပြောသဖြင့် အိမ်တော်ကိုလာခဲ့ ဟု
ခြယ် ပြောလိုက်မိခြင်းပင်။ဘယ်သူသိမလဲ ခြား_ကလည်းအိမ်တော်ကို
ရောက်နေလိမ့်မယ်ဆိုတာ။ဒီကောင်လေး
ကူးကူးကိုဓီဇိုင်းဇက်နဲ့အူတိုပြီး မျက်နှာပျက်
ဒေါသတွေထိန်းမရဖြစ်နေတာ ခြယ်_သိသည်။
ကူးကူးအပေါ် အပြစ်တွေပုံပြီးနှိပ်စက်မှာပဲ
သူမ စိုးရွံ့မိတာ ဟင်းးးးခြားကဒေါသ
တအားကြီးတာလေ။"လာလေ ဓီ"
"ကျွန်တော် ပြန်တော့မယ် မမခြယ်
အလုပ်တွေရှိသေးလို့ပါ""အော်...အင်းးး"
မျက်နှာမှာအပြုံးပါးပါးလေးဆင်မြန်းကာ
အထဲဝင်ဖို့ခေါ်လာတဲ့မမခြယ်ကို ပြောရင်း
ခြံထဲကထွက်လာခဲ့သည်။ပူတူးကို
ဟိုလူ....ဘာမှတော့မလုပ်လောက်ပါဘူး
စိတ်ပူခြင်းများဖြင့်ရင်ဝယ် ပူလောင်နေပြီ
VOUS LISEZ
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Roman d'amour"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...