🌺ဦး မချစ်ခဲ့သော်🌺/Part- 35/
***********💔*********မဂ်လာပွဲကစီစဥ်ထားသည့်အတိုင်း
မနက်မှာလူနည်းစုအားဖိတ်ကြား၍
/စည်း အိမ်တော်မှာ/တရားဝင်လက်မှတ်
ရေးထိုးခဲ့ကာကျင်းပခဲ့ပြီး ညဘက်တွင်
ဒယ်ဒီ ဆောက်ပေးခဲ့တဲ့မြို့တောင်ဘက်က
အိမ်တော်အသစ်မှာDinnerပွဲတစ်ခု
စီစဥ်ထားသည်။အဖြူရောင်တွေချည်း ပြည့်နက်နေတဲ့
ခြံဝန်းထဲမှာ အဖြူရောင်သတို့သမီးကလည်း
နတ်သမီးလေးတမျှ လှပလွန်းနေတာကို
အားလုံးမြင်ပေမယ့် သတို့သားကတော့
မမြင်ခဲ့ပေ။ဒါကတော့ ရင်နာစရာ
ကောင်းလှပါသည်။မနက်ကလူရင်းတွေသာ ဖိတ်ကြားကာ
ညဘက်ပွဲကျ လူတော်တော်များများကို
ဖိတ်ကြားထားသဖြင့် လူအတော်စည်၏။
လုပ်ငန်းရှင်ကြီးတွေနဲ့အသိမိတ်ဆွေများကို
လိုက်လံဧည့်ခံရတာ အတော်ပင်ပန်းလှပြီ။
ဒေါက်ဖိနပ်စီးခဲသည့် အနွံ_ခြေဖနောင့်တွေ
နီတွက်နေကာ ပွန်းပဲ့နေသည်။သတို့သားလက်ကိုချိတ်၍ လူအများကို
အပြုံးလေးနဲ့နှုတ်ဆက်နေတဲ့စုံတွဲအား
ကြည့်ပြီးလူအများ ပြောကြတာက
နတ်ဖက်တဲ့စုံတွဲတဲ့။ထိုစကားကို
ကြားတော့ အနွံ_စိတ်ထဲမှာဝမ်းနည်း
လာမိကာမျက်ရည်တွေဝဲလာမိတယ်
နတ်ဖက်တဲ့အတွဲဆိုတာ နှလုံးသားချင်း
ထပ်တူကျလို့အချစ်တွေပြည့်လျှံနေကာ
လိုက်ဖက်တင့်တယ်တဲ့အတွဲကိုပြောတာလေ။သူမတို့ကရော????။တစ်ချက်ကလေးမှ
မလိုက်ဖက်မတင့်တယ်ပါ ဒါတွေကိုတော့
ဘယ်သူသိမလဲ သူမ ခံစားရတာတွေ
နာကျင်ရတာတွေတိတ်တဆိတ်လေးသာ။
တွေးတောစဥ်းစားရင်းနဲ့ ဘေးနားက
ဦးခြားကို ကြည်ပြာရီဝေစွာဖြင့်
ကြည့်နေမိသည်။အရမ်းခန့်ငြားပြီး
တည်ငြိမ်လွန်းနေတာပဲ။အပြုံးလေး
တစ်ပွင့်တောင် မပေးဘူးလား ခင်ဗျားရယ်ခေါင်းထဲမှာ အတွေးပေါင်းများစွာနဲ့အတူ
ခြေထောက်ကနာကျင်မှုက ပိုလို့ပြင်းထန်
လာသဖြင့် လူလွတ်သည့်ခုံပေါ်မှာ
မြန်မြန်ထိုင်ချ၍ဖိနပ်ကိုချွတ်ကြည့်လိုက်တော့
အသားတွေပွန်းပဲ့ကာ သွေးစတွေ
ထွက်နေတဲ့ ခြေဖနောင့်နှစ်ဖက်။
YOU ARE READING
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Romance"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...