🌺ဦး မချစ်ခဲ့သော် 🌺/Part - 13/
***********💔**********"ငါကအနွံတာကူးရဲ့ကိုယ်ရံတော်မဟုတ်ဘူးလို့
ဥက္ကဋ္ဌကြီးကိုပြန်ပြောလိုက်!!"''ဗျာ"
သူဋ္ဌေးစကားကြောင့် ကွန်း 'ဗျာ'တရတဲ့အထိ
ဖြစ်သွားပြီးနောက်ဆက်တွဲတွေကိုတွေး၍
ပူပန်နေမိတော့သည်။သူ အလုပ်ပြုတ်ဖို့
တစ်ဝက်သေချာနေလေပြီလေ ကွန်းကို
ဥက္ကဋ္ဌကြီးဖုန်းဆက်တုန်းက သူဋ္ဌေးရဲ့
အတွေးတွေကိုကြိုသိနေတဲ့အတိုင်း
စကားတစ်ခွန်းပြောခဲ့တာကို
ပြန်ကြားယောင်မိသည်။*ငါ့သားကအိမ်တော်ကိုမသွားဘူးလို့
ပြောတာနဲ့သူ့ကိုအလုပ်ကတစ်လနားခိုင်းမယ်
မင်းရောပဲ*ကွန်း အလုပ်နားရလို့မဖြစ်ပါ သူအလုပ်နားရရင်
ညီမလေးရဲ့ကျောင်းစရိတ်ကိုပေးနိုင်တော့မှာ
မဟုတ်ဘူးလေ....မဖြစ်ဘူး သူဋ္ဌေးအိမ်တော်ကို
ပြန်ဖို့သူ နည်းလမ်းရှာရမယ်…"ဥက္ကဋ္ဌကြီးက သူဋ္ဌေး အိမ်တော်ကိုမသွားရင်
တစ်လအလုပ်နားရမယ်လို့ပြောပါတယ်""ဘာ!!"
ကွန်းဆီကထပ်မံကြားလိုက်ရသည့်စကားကြောင့်
ခြား_ဒေါသတွေပေါက်ကွဲထွက်လာကာ
ထိုင်နေရာမှမတ်တပ်ရပ်လျက်ဖြစ်သွားရပြီး
စားပွဲပေါ်လက်ထောက်၍စိတ်တိုစွာဖြင့်
ကျွတ် တစ်ချက်သပ်မိသည်။မင်းက
အရှုပ်ထုတ်မပဲ....သူဋ္ဌေးရဲ့ဒေါသသံကြီးကအခန်းတွင်းပဲ့တင်
ထပ်သွားပြီးလေထုတွေတောင်အေးစက်သလို
ခံစားရသည်။ခပ်ကြမ်းကြမ်းလေအဝှေ့မှာ
ခန်းစီးစတွေကတဖြတ်ဖြတ်လွင့်မြောလျက်။"ငါကအနွံတာကူးရဲ့ကိုယ်ရံတော်/သက်တော်စောင့်
မဟုတ်သလိုဒီငတိမကိုအစစအရာရာ
ဂရုစိုက်ပေးရလောက်အောင်ငါ့အချိန်တွေ
ပေါနေတာမဟုတ်ဘူး....""မဟုတ်ဘူးလေ သူဋ္ဌေးရဲ့။ဥက္ကဋ္ဌကြီးက
မမလေးကူးကိုစိတ်ပူလို့သွားကြည့်ခိုင်းတာ
ဖြစ်မှာပါ....ပြီးတော့ဥက္ကဋ္ဌကြီးကလည်း
အလုပ်များနေတယ်လေ သွားလိုက်ပါသူဋ္ဌေး""မသွားဘူးလို့ မင်းကိုဘယ်နှစ်ခါပြောရမလဲ
မင်းထပ်ပြောနေရင် မနက်ခါငါ့အလုပ်စားပွဲပေါ်
ထွက်စာတင်ဖို့တွေးထားလိုက်တော့"
KAMU SEDANG MEMBACA
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Romansa"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...