Part - 24

1.9K 46 2
                                    

🌺ဦး မချစ်ခဲ့သော်🌺/Part- 24/
**********💔***********

ခြား_ဒီနေ့အရမ်းအလုပ်များနေသဖြင့်
အနွံတာကူးကိုပင်သွားမကြိုနိုင်ပေ။
နောက်ဆောက်လုပ်မဲ့ Hotelအတွက်
ဆောက်လုပ်ရေးကိစ္စတွေနဲ့ဒီဇိုင်းကိစ္စနဲ့
လူကအရမ်းပင်ပန်းနေလေပြီ။
ပြီးတော့လူကလည်းသိပ်နေမကောင်းလို့
နေရတာမလန်းမဆန်းနဲ့နုံချိနေသည်။

အဖျားကသက်သာပေမယ့်လည်းလုံးဝ
အရှင်းကြီးပျောက်ကင်းသွားတာမဟုတ်တော့
လေစိမ်းနည်းနည်းမိတာနဲ့ကိုယ်ပူတွေ
ပြန်တက်လာသဖြင့်ဆေးသောက်ပြီး
နေရတဲ့အဖြစ်ပါ။ကြားထဲ ချောင်းလေးက
တဟွတ်ဟွတ်နဲ့အဆင်တွေကိုပြေလို့☺

''နေမကောင်းရင်လည်းနားလိုက်ပါ
အလုပ်တွေကတစ်နေ့တည်းနဲ့ပြီးမှာလည်း
မဟုတ်ပဲနဲ့ သူဋ္ဌေးအဖျားပိုဆိုးလာတာပဲ
အဖတ်တင်မယ်~~~အိမ်ပြန်ပြီးအမြန်
အနားယူလိုက်ပါအုံး ကျန်တာတွေကို
ကျွန်တော် ဆက်လုပ်ထားလိုက်မယ်"

''ငါ အဆင်ပြေပါတယ်။ဒါနဲ့သူမ...
အဟွတ်~~အဟွတ်~~~"

စကားတောင်မဆုံးသေးချောင်းက
တောက်လျှောက်ဆိုးလာသောသူ​ဋ္ဌေးကို
ကြည့်ပြီးကွန်း_ခေါင်းတရမ်းရမ်းနဲ့။
ချောင်းတွေအရမ်းဆိုး နေမကောင်းပဲနဲ့
အလုပ်ကိုဆက်လုပ်နေတာကိုး ခံပေါ့

ကွန်း_စိတ်ထဲကပဲအဲ့လိုပြောရဲတာပါ
အပြင်မှာထုတ်ပြောရင်လည်းအထုခံရမှာ
မြေကြီးလက်ခတ်မလွဲ။

''အနွံတာကူးကို ကြိုဖို့ကားလွှတ်လိုက်ပြီလား"

"ကား လွှတ်ထားပြီးပါပြီ အခုလောက်ဆို
အိမ်တော်ကိုရောက်~~~"

"ဦးစည်းတိမ်ယံခြား!!"

"ဟင်~~~မမလေးကူး"

ကွန်း၏စကားတောင်မဆုံးသေး
စူးရှရှဒေါသသံလေးကထွက်လာသဖြင့်
အမြန်နောက်ကိုလှည့်ကြည့်လိုက်ချိန်တွင်
မမလေးကူးကိုတွေ့ရတာကြောင့်အံ့သြ
မှင်တက်မိ၍ ကြောင်ကြည့်နေချိန်

''ပြောတော့အလုပ်မအားဘူးဆို~~~
ဒါတောင်သူများကိုကျောင်းအထိ
လိုက်ပို့ပေးသေးတယ်~~~ခင်ဗျားကြီးကို
ဒယ်ဒီနဲ့တိုင်မယ်~~~အလုပ်ချိန်မှာ
အလုပ်မလုပ်ပဲမိန်းကလေးတွေကို
လိုက်ကြောင်နေပါတယ်ဆိုပြီး"

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Donde viven las historias. Descúbrelo ahora