Part - 34

2.1K 55 4
                                    

🌺ဦး မချစ်ခဲ့သော်🌺/Part- 34/
***********💔*********

"အမေ့!!!"

လျှပ်တပြက်ကြီးသူမရှေ့ကိုရောက်လာပြီး
ရှေ့ကပိတ်ရပ်ထားသည့် ဦးခြားကြောင့်
အနွံ_လန့်သွားကာ ရင်ဘတ်ကိုလက်နဲ့ဖိရင်း
ထိတ်လန့်တကြားအော်မိလိုက်၏။ပြီးနောက်
သေးသွယ်နေတဲ့ မျက်ခုံးတန်းတွေအား
ဖိကြုံ့ရင်း ခါးကိုထောက်ပြီး မှုန်မှုန်သုန်သုန်
စိုက်ကြည့်မိတယ်။ဒါကဘာသဘောလဲ???
နားမလည်တော့ဘူး

''အနွံ_ရှေ့ကဖယ်ပါ!''

ဒေါသစိတ်ကြောင့် တင်းမာနေသော
အသံဖြင့်ပြောလိုက်ကာ ခါးထောက်တာကို
ဖြုတ်ပြီးဦးခြားကိုယ်ကို တွန်းဖယ်တော့
ဖမ်းဆုတ်ခံလိုက်ရသည့် လက်နှစ်ဖက်ကြောင့်
ငုံ့လျှိုးနေသည့် မျက်နှာလေးကမော့လာ၏။

ရင်ဘတ်ကိုတွန်းကာ အတင်းဖယ်ထုတ်ရန်
ကြိုးစားနေသည့်သူမရဲ့ လက်နှစ်ဖက်ကို
ဖမ်းချုပ်လိုက်ပြီး မော့ကြည့်လာတဲ့
မျက်ဝန်းအိမ်သေးသေးလေးလေးတွေအား
နီးသမျှနီးအောင်တိုးကပ်ကြည့်လိုက်၍

''ငါသွားခွင့်မပြုဘူး!ဆိုရင်ရော''

''ဘာ!"

မတင်းမလျော့လေသံနဲ့ ပြုံးရယ်ခြင်း
အလျင်းမရှိသော မျက်နှာထားတည်တည်နဲ့
စူးစိုက်ကြည့်ပြီး ပြောလာတဲ့ဦးခြားကို
အနွံ_စိတ်တိုစွာနဲ့အော်ရင်း လက်နှစ်ဖက်ကို
အတင်းရုန်းချိန်တွင် ဖက်တွယ်ခံလိုက်ရသည့်
ခါးနဲ့အတူနီးကပ်သွားတဲ့ ခန္ဓာကိုယ်နှစ်ခု။

ဖမ်းချုပ်ခံလိုက်ရတဲ့အရှိန်ကြောင့် ဦးခြား၏
ရင်ဘတ်မှာမျက်နှာ အပ်ထားသလိုဖြစ်ကာ
ခေါင်းကလည်းရင်ဘတ်နဲ့ ဖိညှပ်ခံရသဖြင့်
အတင်းတွန်းဖယ်ရုန်းမိသည်။သို့သော်
သူမ မလွတ်မြောက်ခဲ့ပေ။

''မင်းကငါ့ဇနီးလောင်း! သူစိမ်းယောက်ျားတွေနဲ့
ရင်းနှီးရင်းနှီးပြောဆိုဆက်ဆံခွင့်မရှိဘူး!
မင်းကြောင့်နဲ့လူအများရဲ့ကဲ့ရဲ့ရှုံ့ချတာကို
ငါ မခံနိုင်ဘူး အနွံတာကူး!!!!''

နီညိုရောင်သမ်း၍~~~ပြည့်တင်းတင်း
နှုတ်ခမ်းများဆီက ~~စကားသံဟာ
အိမ်တော်ထဲ၌ သြဇာအာဏာအပြည့်နဲ့
ပေါ်ထွက်လာသလိုတည်တင်းနေသော
မျက်နှာကလည်းဒေါသရိပ်များ
ပြေးနေသယောင်။အမည်းရောင်
မျက်လုံးအိမ်တွေကလည်း~~
တည်ငြိမ်ပြတ်သားတာကိုပုံဖော်နေ၏။

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Donde viven las historias. Descúbrelo ahora