🌺ဦး မချစ်ခဲ့သော်🌺 /Part- 57/
**********💔**********မနက်ခင်း၏နေရောင်ခြည်နွေးနွေးလေးက
ခန်းစီးလိုက်ကာကို ထိုးဖောက်၍အခန်းထဲ
ဖြာကျနေပြီးလေတစ်ချက်အဝှေ့မှာ အဖြူရောင်
ခန်းစီးစကတဖြတ်ဖြတ် လွင့်မြောလျက်။
ပုံမှန်စောစောနိုးနေကြပေမယ့် ညကဒဏ်ကြောင့်
လူကမထချင်ပဲဖြစ်နေကာ ရင်ခွင်ထဲက
အနွေးလုံးလေးကို ခပ်တင်းတင်းဖက်၍
မျက်လုံးပြန်မှိတ်ထားလိုက်သည်။ခဏကြာတော့ ရင်ခွင်ထဲကအူကြူးပေါက်လေးက
လူးလူးလွန့်လွန့်ဖြစ်လာကာ ညဥ်းသံလေးများ
ထွက်ပေါ်လာလို့ ခြား_ကြည့်လိုက်တော့
ကြည်လင်ရှင်းသန့်နေသည့် မျက်ဝန်းရှင်းတို့က
ပွင့်အာနေတာတွေ့ရသည်။အသည်းယားစွာနဲ့
အိပ်ရေးဝနေလို့ မို့အစ်နေသောမျက်ခွံ
ထူထူလေးများကို တစ်ချက်နမ်းလိုက်တော့
အူကြူးက တောက်ပဆုံးအပြုံးလေး ပြန်ပေး၏။ပိုပိုပြီးလူကို မရိုးမရွဖြစ်အောင်ပြုစားနေတဲ့
အူကြူးရဲ့မျက်နှာအနှံ့ အနမ်းမိုးများ
အဆက်မပြတ်ရွာသွန်းရင်း ပါးလွှလွှ
နှုတ်ခမ်းနီတာလေးမှာရပ်တန့်၍ မိနစ်ဝက်
ကြာသည်အထိဖိကပ်နမ်းနေမိသည်။
ဘယ်လောက်နမ်းနမ်းအရသာမပျက်ယွင်းတဲ့
ဒီနှုတ်ခမ်းလေးက သူ့ကိုမူးယစ်ဆေးလိုမျိုး
စွဲလမ်းရူးသွပ်စေသည်။အထိအတွေ့
အယုအယတိုင်းက သူ့စိတ်ကိုထိန်းမရအောင်
အားပေးနေသယောင်။အောင်နှုတ်ခမ်းလေးကိုဖိကိုက်လိုက်
လျှာနဲ့ အတွင်းသားများအထိ ရစ်ပတ်ဝင်
လာသည့်အတွက် အနွံ_အသက်ရှုရတာ
ခက်ခဲလာတာကြောင့် ဦးခြား၏ရင်ဘတ်ကို
လက်နဲ့ထု၍ လွှတ်ပေးဖို့အချက်ပြလိုက်သည်။
လူနမ်းမနမ်းဘူး~~တကယ်ပဲ အဲ့ဦးခြားက
တစ်ခါနမ်းတိုင်း အနွံမှာအောက်ဆီဂျင်
ပြတ်လုနီးပါးဖြစ်လာတဲ့အထိ ဦးခြား၏
အနမ်းတွေက ကြမ်းတမ်းပြင်းထန်ပါတယ်။"ဆက်အိပ်အုံးမလား အူကြူး။စောသေးတယ်"
ခြား_အူကြူး၏ ဖောင်းထွက်ကားနေသော
ပါးပြင်နုနုလေးကိုလက်နဲ့အသာ ဖိချေရင်း
မေးလိုက်ကာ အနမ်းတစ်ပွင့်ခြွေတော့
သူမလေးဆီက မျက်စောင်းတွေဒိုင်းခနဲ
ရောက်လာတော့ ခပ်ဟဟလေးရယ်မိပြန်တယ်။
ခဏခဏနမ်းလို့ စိတ်ကောက်နေတဲ့သဘော
VOCÊ ESTÁ LENDO
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Romance"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...