Part - 36

2.1K 51 0
                                    

🌺ဦး မချစ်ခဲ့သော်🌺/Part- 36/
***********💔*********

''ရှင်!"

ပါးပြင်ပေါ်ကျရောက်လာသော တစ်စုံတစ်ရာကြောင့် မျက်လုံးအားဖွင့်ကြည့်လိုက်သည့်အခါတွင်
အနီးကပ်တွေ့မြင်လိုက်ရသည့် မျက်ဝန်းညိုများ။
ပြီးနောက် နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ
စွဲထင်နေတဲ့မျက်နှာတည်တည်ပိုင်ရှင်၏
အပြုအမူကြောင့် အံ့သြတွေဝေစွာနဲ့ပြောမိသည်။

သူမကို ဦးခြား?? ဦးခြားက????

''မင်းလက်က ငါ့လည်ပင်းကိုလာဖက်လို့
အခုလိုဖြစ်သွားတာ ​တစ်မျိုးတွေတွေးမနေနဲ့!"

မျက်ဆံနက်နက်လေးများပိုမိုပြူးကျယ်၍
အံ့သြဆွံအနေတဲ့သူမအား ခပ်တည်တည်
ပြန်ပြောလိုက်သည်။သောက်တလွဲမလေး!

''အမ်!"

အတွေးလေးနဲ့အတူ ဦးခြား၏မျက်နှာကို
သေချာစူးစိုက်ကြည့်ရင်း ကြည်နူးဖို့
ကြံရွယ်နေသည့်စိတ်ကလေးဟာ အဝေးကို
လွင့်ပြယ်သွားရသည်။ဦးခြား ပြောမှ
ကိုယ့်ပုံစံကိုပြန်ကြည့်မိတော့ ဦးခြားလည်ပင်းကို
ဖက်လျက်ရှိနေသည့်လက်တစ်ဖက်။

ကိုယ့်ကိုကိုယ်မလုံမလဲနဲ့ မျက်နှာလွှဲရင်း
လက်ကိုခပ်မြန်မြန်ဖယ်၍ထထိုင်လိုက်သည်။
ရှက်စရာကောင်းလိုက်တာ!ဟု မိမိကိုယ်ကို
အပြစ်တင်ရင်းနဲ့မျက်လုံးမဖွင့်ရဲအောင်
ဖြစ်နေရ၏။ရှက်လွန်းလို့ဦးခြားကို
လှည့်ပင်မကြည့်ရဲ အတော်ကြာသည်အထိ
ကျောပေးထားမိသည်။

''ရေမြန်မြန်ချိုးပြီး အနားယူတော့"

အခုတထိသူ့အား ကျောပေးထားတဲ့သူမကို
တစ်ချက်ငဲ့ကြည့်၍ပြောကာ နှင်းဆီပွင့်ဖတ်တွေ
ပြန့်ကျဲထားပြီး အသည်းပုံလေးတွေနဲ့
အလှဆင်ထားသောမဂ်လာအခန်းထဲက
ထွက်လာခဲ့သည်။သူ~လက်ထပ်ခဲ့ပြီးပြီ
ဒါမယ့် သူတို့နှစ်ယောက်က မသက်ဆိုင်တဲ့
လူနှစ်ယောက်~~ကိုယ့်ဘဝနဲ့ကိုယ်တွေ။

သူမကိုခြား_မမုန်းသလိုချစ်ဖို့လည်းမဖြစ်နိုင်ပါ။
သူ့နှလုံးသားကကျူး တစ်ယောက်တည်းကိုပဲ
ထာဝရချစ်နေမှာသေချာသည်။သူ့ဘဝ၏
အရာရာက ကျူးအတွက်။မင်းကိုရင်းနဲ့ရင်းပြီး
ရူးအောင်ချစ်ရပါတယ်ကွာ။တခြားသူကို
လက်ထပ်ခဲ့ရပေမယ့် ကိုယ့်နှလုံးသားက
မင်းအတွက်ပါပဲ ကျူး။ထာဝရမင်းပါပဲ

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Donde viven las historias. Descúbrelo ahora