Part - 21

1.9K 42 0
                                    

🌺ဦး မချစ်ခဲ့သော်🌺/Part- 21/
**********💔**********

''ဂျိမ်း!!!ဂျိုင်း"

ကောင်းကင်တစ်ခုလုံးမိုးတိမ်တွေမဲနေကာ
သဲကြီးမဲကြီးရွာချနေပြီးလျှပ်စီးတဝင်းဝင်းနဲ့
ကြောက်စရာကောင်းနေသည်။ဘယ်လိုပဲ
မိုးသည်းသည်း ခြား_ကတော့ရုံးခန်းထဲမှာ
အလုပ်လုပ်မပျက်~~~ကွန်ပျူတာတစ်လုံးနဲ့
အလုပ်ရှုပ်နေလေရဲ့~~~ကော်ဖီခွက်အား
ဘေးချရင်းအပြင်ဘက်ကိုတစ်ချက်
မော့ကြည့်ရင်း~~~~

*အနွံတာကူး သူ့ကိုစောင့်များနေမလား
ညနေတောင်စောင်းနေပြီ အိမ်တော်ကို
ပြန်နေလောက်ပါပြီ*

ထို့သို့တခဏလေးတွေးလိုက်ပြီးအလုပ်ကိုသာ
အာရုံစိုက်လုပ်နေစဥ်တွင်

''တီ~~တီ~~"

''ဟယ်လို~~မမ''

''ခြား_ကူးကူးကိုသွားကြိုနေပြီမလား
မြန်မြန်သွားနော် ကူးကူးကမိုးတွေခြိမ်းပြီး
လျှပ်စီးတွေလက်ရင်သူ့မိဘတွေရဲ့
သွေးသံရဲရဲမြင်ကွင်းတွေကိုပြန်မြင်ယောင်တယ်
ပြီးရင် စိတ်ခံစားမှုတွေပြင်းထန်ပြီး
တွေးကြောက်နေတတ်တာအသိစိတ်
ပျောက်လုနီးပါးဖြစ်တယ် မြန်မြန်သာသွားလိုက်''

''ကျွန်တော်~~~"

ခြား_ဘာမှပြန်ပြောချိန်မရလိုက်ခင်မှာပဲ
မမကသူပြောချင်တာပြောကာဖုန်းချသွားလို့
ပြောခဲ့တဲ့စကားတွေကိုပြန်တွေးကြည့်ပြီးနောက်
ကားသော့ဆွဲကာထွက်လာခဲ့တော့သည်။

မိုးကြီးလေကြီးနဲ့ကားကိုမနည်းကြိုးစားပြီး
မောင်းလာခဲ့ရာနာရီဝက်လောက်အကြာမှာ
ကျောင်းကိုရောက်လာခဲ့ပြီးအနွံတာကူးအား
နေရာအနှံ့ရှာဖွေကြည့်ပေမယ့်မတွေ့ခဲ့ပေ။
စာသင်ခန်းတွေထဲဝင်ရှာကြည့်လည်းမတွေ့လို့
ဘေးနားပတ်ဝန်းကျင်တွေကိုသူရှာခဲ့သည်။

အချိန်တွေသာကြာလာတယ် သူမကို
ရှာမတွေ့ပေ။မိုးရေတွေစက်စက်ကျနဲ့
ခြား_အရမ်းချမ်းပေမယ့်သူမကို
စိုးရိမ်စွာရှာဖွေမိသေးတယ်။နောက်ဆုံး
ဘယ်လိုမှမတွေ့တော့လို့အိမ်တော်ကိုသာ
ပြန်လာခဲ့ရသည်။

အိမ်တော်ကိုမရောက်သေးခင်
ဆိုင်တစ်ဆိုင်ကိုဝင်ပြီးအဝတ်အစားတွေ
ဝယ်ကာလဲလိုက်ရသည်။နှာတွေလည်း
စီးနေပြီ။လူလည်းတော်တော်ချမ်းနေပြီး
ကိုယ်တွေတုန်တက်နေပါတော့တယ်။
အဝတ်အစားလဲအပြီးပြန်အထွက်လာတွင်
ဘေးမျက်နှာချင်းဆိုင်ကမုန့်ဆိုင်အား
အမှတ်တမဲ့ကြည့်လိုက်မိသောအခါ

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Onde histórias criam vida. Descubra agora