Part - 8

2.3K 57 1
                                    

🌺 ဦး မချစ်ခဲ့သော် 🌺/Part - 8/
***********💔**********

''အမေ့!!"

ကျယ်လောင်စူးရှသည့်ဒေါသသံကြောင့်
အနွံ_လန့်သွားပြီးအိပ်နေရာမှပင်
ထထိုင်လိုက်မိသည်။သူမ ဘယ်လောက်ထိ
လန့်သွားလဲဆိုရင်မျက်လုံးအိမ်လေးတွေထဲမှာ
ကြည်လက်လက်မျက်ရည်ဥတွေနေရာ
ယူလာတဲ့အထိပါ။

လူကအရမ်းလန့်သွားတာမို့သူမဘေးနားမှ
ဦးခြားကိုမျက်ရည်လေးကလည်ကလည်နဲ့
ကြည့်နေမိတယ်။ဒေါသရိပ်တွေလွှမ်းနေသော
ဦးခြားမျက်နှာကြောင့်အနွံ_ပိုလန့်သွားကာ
မျက်ခုံးလေးတွေပင်အပေါ်ကိုပင့်တက်
သွားပါတော့သည်။

သူမလန့်ရတာဦးခြားကြောင့်!!သူများအိပ်နေတာကို
အနှောင့်အယှက်လာပေးတယ်…တွေ့မယ်…
ခင်ဗျားတော့”….....

''ဘာလို့အဲ့လောက်ထိအော်ရတာလဲ………
အနွံ အိပ်နေတာမမြင်ဘူးလား…စောစောစီးစီး
စိတ်တိုအောင်လာမလုပ်နဲ့…ရင်ထဲမှာပန်းတွေ
ပွင့်နေတာမဟုတ်ဘူးအခု အနွံ…အိပ်ရေး
ပျက်သွားရပြီ…ပြန်အလျော်ပေး''

''ဘယ်အချိန်ရှိနေပြီလဲ…နာရီလည်းကြည့်အုံး…
၁၀ နာရီထိုးတော့မယ်…ဒီအချိန်ထိမိန်းကလေး
တစ်ယောက်အိပ်သင့်ရဲ့လား…ဟမ်!!...
မင်းကိုမင်းလည်းပြန်ဆန်းစစ်ကြည့်…
ဝတ်ထားတာကအတိုအပြတ်…ဆရာဝန်မြင်ရင်
အားနားစရာတောင်ကောင်းတယ်…
မင်း မရှက်ဘူးလား''

ခြား_သူမအနား၌မုဆိုးဒူးထောက်ထိုင်ရင်း
ဝတ်ထားတဲ့အကျီများကိုကြည့်၍ဒေါသထွက်စွာ
ပြောလိုက်သည်။လူနာကလူနာအကျီမဝတ်ဘူး

ဖြူဖွေးနုဖတ်နေသောပခုံးသားတို့အား
ပြထားသည့်လက်တစ်လုံးကြိုးအကျီနှင့်
အပြာနုရောင်ပေါင်လယ်လောက်……
ဘောင်းဘီတိုကိုဝတ်ထားသည့် အနွံ_ကို
သေချာကြည့်၍ပြောလာတဲ့ဦးခြား_ကြောင့်
သူမဒေါသတွေကထိန်းမရအောင်ဖြစ်လာကာ

''အနွံ_ဘာသာဘယ်လိုပဲဝတ်ဝတ်…ခင်ဗျားအပူ
မပါပါဘူးလူကိုလာအမိန့်ပေး…​ချုယ်ချယ်
ရအောင်အနွံကခင်ဗျားလက်အောက်ငယ်သား
မဟုတ်ဘူးဗျ။အနွံ_နေချင်သလိုနေမယ်
ခင်ဗျားလာပြောစရာမလိုဘူး''

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Donde viven las historias. Descúbrelo ahora