🌺ဦး မချစ်ခဲ့သော်🌺 /Part- 49/
**********💔**********/လွန်ခဲ့သော နှစ်နှစ်ခန့်က/
ဦးသူရ နှင့်ဒေါ်အနွံတာ တို့ဟာ မိတ်ဆွေရင်းကြီး
ဦးမင်းရန်ထူးဆီမှာ ရှယ်ယာဝင်ဖို့အတွက်
ပြောရန်နဲ့အလည်ဆိုပြီး ဦးမင်းရန်ထူးအိမ်ကို
မနက်၁၀နါရီသာသာ လာခဲ့ကြလေသည်။
အိမ်တော်ကြီးကအရမ်းကျယ်ဝန်းတာကြောင့်
စမ်းတဝါးဝါးနှင့် လျှောက်ကြည့်၍လာရာ
အိမ်တော်ကိုမရောက်ပဲနဲ့ သစ်သားပျဥ်အိမ်
တစ်လုံးဆီကိုရောက်သွားတော့တယ်။အခုအိမ်တော်ကဦးမင်းရန်ထူး၏အိမ်တော်
အသစ်မို့ သူတို့တွေအခုမှရောက်သဖြင့်
လမ်းလွဲတာဖြစ်နိုင်ပါတယ်။လမ်းလွဲ
သွားတာကိုသိကြပြီးနောက် ပြန်လှည့်ဖို့
ပြင်ချိန်တွင် အသံတစ်ခုကနားထဲ
ဝင်ရောက်လာလေသည်။"ကယ်ကြပါ! ကယ်ကြပါ!"
''ဟင်~"
အားအင်ကုန်ခမ်း၍ချိနဲ့နဲ့ထိုအသံကြောင့်
နှစ်ယောက်လုံး၏ခြေလှမ်းတွေဟာ ထိုအိမ်ဆီ
ဦးတည်လာခဲ့သည်။မဝံ့မရဲနဲ့အိမ်လေးဆီ
တိုးကပ်သွားတော့တစ်စစကျယ်လောင်လာသော
အသံကြောင့် ခြေလှမ်းတွေကသွပ်လာတာမို့
အိမ်လေးဆီရောက်လာကာ တံခါးကို
ဖွင့်လိုက်တော့မြင်လိုက်ရတဲ့အရာကြောင့်
နှစ်ယောက်လုံး ပါးစပ်အဟောင်းသား
ဖြစ်သွားကြရသည်။လူတစ်ယောက်ကိုမတ်တပ်ထား၍
လက်နှစ်ဖက်ကိုအပေါ်မြှောက်ချည်ထားကာ
ခန္ဓာကိုယ်မှာဒဏ်ရာဗရပွ ဖြစ်နေအောင်
နှိပ်စက်ထားလို့သွေးတွေဟာ တစ်ကိုယ်လုံး
ရဲတက်နေလေသည်။ဒီလူက ဘယ်သူလဲ
ဒီကိုဘယ်လိုရောက်လာတာလဲ???ဘာလို့
ဖမ်းဆီးခံထားရတာလဲ???~''ကျွန်တော့်ကိုကယ်ကြပါဗျာ ကျေးဇူးမမေ့ပါဘူး"
ထပ်မံထွက်ပေါ်လာတဲ့အသံကြောင့်ဦးသူရနှင့်
ဒေါ်အနွံတာ တို့ဟာတစ်ယောက်နဲ့တစ်ယောက်
ပြန်ကြည့်မိသည်။နဂိုကတည်းက စိတ်ရင်း
စေတနာကောင်းကြသည့်သူတွေမို့ ကယ်ဖို့
စဥ်းစားနေပြီဖြစ်သော်လည်း လူကောင်းမှန်း
လူဆိုးမှန်းမသိတော့ ဝေခွဲခက်နေကြလေ၏။
ပြီးတော့ ဦးမင်းရန်ထူးကမြို့မျက်နှာဖုံး
သူဋ္ဌေးကြီးလေ။ဒီလိုလူမျိုးက အကြောင်းမရှိပဲ
ဒီကောင်လေးကို ဖမ်းထားပါ့မလား?
VOCÊ ESTÁ LENDO
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Romance"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...