🌺ဦး မချစ်ခဲ့သော်🌺/Part- 29/
**********💔**********''ငါ့ဇနီးလောင်းကို ငါချီတာလေ။
မင်းမှာသဝန်တိုပိုင်ခွင့်မရှိဘူးလို့ငါထင်တယ်
ဒေါက်တာ ဓီဇိုင်းဇက်!"''ဘာ!!!"
''ဟင်''
တင်းမာခက်ထန်စွာပြောလာပါသော
ဦးခြား၏စကားကိုကြားလိုက်ရသည့်အခါ
ရင်ထဲမှာ အမည်မသိလှိုင်းလေးတစ်ခု
ဖြတ်ဝင်သွားရ၏။
အရမ်းအံ့သြသွားရသဖြင့် ဆွံမှုများစွာနဲ့
ဖက်တွယ်ထားတဲ့လက်လေးများပင်
ပြေလျော့သွားရကာမျက်လုံးလေးဝိုင်းစက်လျက်
ဦးခြားကိုမော့ကြည့်နေမိသည်။ထိုအခါ~ပြေလျော့ခြင်းမရှိသေးသော
မျက်နှာထားတည်တည်ဖြင့်သူမအား
တစ်ချက်မျှငုံ့မိုးကြည့်၍အနိုင်ရသူအပြုံးနဲ့
ပြုံးပြနေ၏။ထိုအပြုံးကြောင့် အနွံ_နားမလည်နိုင်
ဖြစ်သွားရပြီး ဦးခြားကိုမျက်နှာသေနဲ့
ဆက်ငေးကြည့်နေစဥ်''သူပြောတာ အမှန်တွေပဲလား ကလေးလေး။
မဟုတ်ဘူးမလားကွာ''မချိမရဲနဲ့မယုံကြည်နိုင်စွာ ပြောလာသော
ကိုကို့ စကားကိုအနွံ_ဘယ်လိုအဖြေ
ပြန်ပေးရမလဲမသိတော့ချေ။
သူမကိုယ်တိုင်တောင်~~အခုထိနားမလည်
မသေချာသောကိစ္စ။ဘာတွေဖြစ်သွားတာလဲ
ခင်ဗျားရယ်။အခုကျမှလက်ထပ်ဖို့ကိစ္စကို
အရေးတယူ လုပ်ပြောနေရတာလဲ။ခင်ဗျားကြီးကိုယ်တိုင်ကပြတ်ပြတ်သားသား
ငြင်းခဲ့ပြီးပြီလေ ဘယ်အကြောင်းအရာကြောင့်
ခင်ဗျားကပြောင်းလဲသွားရတာလဲ ဒါမှမဟုတ်
ကိုကို့_ကိုအနိုင်ယူချင်စိတ်နဲ့တမင်တကာ
ပြောလိုက်တာလားဟင်။ အဲ့လိုဆိုရင်တော့
ကြည်နူးသယောင်ဝမ်းနည်းသယောင်
ဖြစ်နေတဲ့ အနွံ_နှလုံးသားလေးတော့
အပိုင်းပိုင်းအစိတ်စိတ်ကြေမွရပြီပေါ့''မင်း သေချာသိချင်ရင်အနွံတာကူးကို
နောက်မှ မေးကြည့် အခုတော့ခွင့်ပြုပါအုံး''လှောင်ပြောင်သလိုလိုနဲ့မျက်နှာထက်
မဲ့ပြုံးကြီးချိတ်ကာပြော၍လှည့်ထွက်သွားတဲ့
ထိုလူကြောင့် ဓီ_ဒေါသတွေကိုအနိုင်နိုင်
ချုပ်တည်းရင်းရှေ့ကပိတ်ရပ်လိုက်သည်။
ESTÁS LEYENDO
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Romance"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...