🌺ဦး မချစ်ခဲ့သော်🌺 /Part- 51/
**********💔**********''ဘာကွ!"
မထီပြုံးပြုံးကြီးနဲ့ပြောလာတဲ့ ဓီဇိုင်းဇက်ကြောင့်
အကျီကိုဆုပ်ကိုင်ထားသည့် လက်ကပိုပြီး
တင်းကျပ်လာကာ ထိန်းချုပ်မရတော့သည့်
ဒေါသတွေနဲ့စူးစိူက်ကြည့်ရင်း"မင်းကိုငါ မသတ်ရဲဘူးထင်နေလား?"
"ကိုကို့_ကိုလွှတ်လိုက်ပါ ဦးစည်းတိမ်ယံခြား!"
အကျီကိုဖမ်းဆုပ်ထားသည့်သူ့လက်ပေါ်ကို
ကျရောက်လာသည့် လက်တစ်စုံနဲ့အတူ
တင်းမာစွာထွက်ပေါ်လာသော ခတ်ဆတ်ဆတ်
အသံစူးက ခြား၏ဒေါသများကိုပိုတိုးအောင်
လုပ်နေသလိုဖြစ်နေသည်။တစ်စထက်တစ်စ
နီရဲတွက်လာတဲ့မျက်လုံးများနဲ့ကားထွက်
ထားသော မေးရိုးများကြောင့် မျက်နှာက
ပိုမိုလေးထောင့်ကျလာ၏။"ကိုကို့_ကိုလွှတ်လိုက်လို့!!!"
တော်တော်ကာကွယ်ပေးနေတာပဲ။ခံပြင်း
ဒေါသများဖြင့်ဓီဇိုင်းဇက်ရဲ့အကျီကိုလွှတ်၍
သူမ၏လက်တစ်ဖက်ကို တင်းတင်းဆုပ်ရင်း
မျက်နှာထားတင်းတင်းဖြင့်သူ့ကိုကြည့်နေသည့်
အနွံတာကူးရဲ့မျက်နှာနားကို တိုးကပ်လိုက်ကာ"မင်း တော်တော်ခံပြင်းနေတာလား! ဟမ်!!"
ပြတ်သားခက်ထန်တဲ့ဦးခြားအသံကြောင့်
အနွံ_ဒေါသတွေထွက်လာမိသည်။သူမကိစ္စတွေကို
ဝင်ပါတာအရမ်းများနေပြီ~~အထူးသဖြင့်
ကိုကိုနဲ့သူမကြား။နေရာတကာလိုက်ပြီး
ချုပ်ချယ်နေတာ ကြာလာတော့သည်းခံနိုင်စွမ်း
ကုန်ခမ်းလာခဲ့သည်။စိတ်တိုစွာနဲ့နှုတ်ခမ်းပါးကို
ဖိကိုက်ရင်း ဦးခြားအားစေ့စေ့ကြည့်လိုက်ပြီး"ခံပြင်းတယ်~ကိုကို့_ကိုခင်ဗျား ထိတာတောင်
အရမ်းခံပြင်းနေပြီဆိုတာ သိရဲ့လား!"သူမစကားကြောင့်စိတ်ပျက်စိတ်တိုစွာနဲ့
ဖမ်းဆုပ်ထားသည့်လက်ကိုလွှတ်ကာ
ထွက်လာခဲ့သည်။ရင်ထဲမှာလုံးဝကို
အဆင်မပြေဘူး~~ဓီဇိုင်းဇက်နဲ့သူမလေး
စကားပြောရင်ကို ဒေါသကအလိုအလျောက်
ထွက်လာတာ။သူ့ဆို အမြဲတမ်းမာရေကျောရေနဲ့
ဆက်ဆံတဲ့သူမက ဓီဇိုင်းဇက်ကိုဆို ပါးတွေ
ဖောင်းတက်နေအောင် ပြုံးပြသေးသည်။
အဲ့ဒါတွေကိုပဲ သူ မကြိုက်တာ။
ESTÁS LEYENDO
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Romance"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...