Part - 17

2.1K 54 0
                                    

🌺ဦး မချစ်ခဲ့သော်🌺/Part -17/
**********💔***********

''ဘယ်လို!!"

ဖုန်းထဲမှမမစကားကြောင့် ခြား_အံ့သြပြီး
ပြန်မေးမိသည်။ခွေးတစ်ကောင်ပျောက်တာကို
အိမ်တော်ကထွက်သွားဖို့အထိလိုအပ်လို့လား
တော်တော်ခံစားလွယ်တာပဲ

"ပြန်မေးမနေနဲ့ ဒိုရာကိုသာအမြန်ပြန်ခေါ်ခဲ့
ပြီးတော့ အိမ်တော်ကိုအမြန်ပြန်လာ
ဒယ်ဒီကအရမ်းစိတ်တွေတိုနေတာ
ဒါပဲ ဖုန်းချလိုက်တော့မယ်"

ယတိပြတ်ပြော၍ဖုန်းချသွားသော
မမကြောင့်ခြား_ဒေါသထွက်စွာဖြင့်
ထိုင်ခုံအားလက်သီးနဲ့ထုမိသည်။
သူမကိုပညာပေးချင်လို့ပြသနာတမင်
လုပ်ပါတယ်ဆိုမှ သူကပြန်ဖြေရှင်းရမယ်
မင်း ဒီတစ်ခါတော့ကံကောင်းသွားတယ်
နောက်ခါတော့ ကံမကောင်းနိုင်ဘူး

နောက်ဆုံးတော့ ခြား_သည်းခံပြီး
ကွန်းရဲ့ဖုန်းကိုဆက်၍ခွေးကိုထားခဲ့သည့်
နေရာအနီးတဝိုက်အားရှာဖို့ပြောလိုက်ကာ
သူလည်း ခရီးစဥ်ကိုဖျက်၍အိမ်တော်ကိုသာ
ပြန်လာခဲ့ရသည်။မဟုတ်ရင်ဒယ်ဒီက
သူ့ကိုဖုန်းဆက်ပြီးဆူတော့မှာ
ကြိုသိနေတယ်လေ။

သက်ပြင်းတစ်ချက်ချရင်းဘေးနားမှ
ခရီးဆောင်အိတ်ကိုဆွဲ၍ကားဆီကို
လာခဲ့လိုက်ပြီးအိမ်တော်ကို
မောင်းထွက်လာခဲ့သည်။

🦋🦋🦋

အိမ်တော်၏အတော်ဝေးဝေးကို
အနွံ_ရောက်လာခဲ့ပြီးသစ်ပင်တွေကြား
ဒိုရာနာမည်ကိုခေါ်ရင်းဖြင့်ရှာကြည့်ပေမယ့်
မတွေ့သဖြင့် သူမငိုချင်လာတော့သည်။
အချိန်တွေကြာလေလေခြေထောက်တွေက
ညောင်းညာလာပြီးလူကလည်းမောပန်း
နွမ်းနယ်လာသဖြင့်အရိပ်ကောင်းသော
သစ်ပင်တစ်ပင်အောက်၌အနားယူလိုက်သည်။

အရမ်းပင်ပန်းနွမ်းနယ်လှသဖြင့်
မျက်ဝန်းတွေကတခဏချင်းမှာပင်
မှိတ်ချသွားပြီးအိပ်ပျော်သွားခဲ့သည်။

''ဂျိမ်း!!!ဂျိုင်း!!!"

''ဟင်"

ကောင်းကင်တစ်ခွင်တွင်မိုးခြိမ်းသံတွေ
ဆူညံပွတ်လောရိုက်နေကာကျမှ
အနွံ_မျက်ဝန်းတွေပွင့်လာခဲ့ပြီး
ဘေးဘက်တွေကိုကြည့်မိတော့
ညနေဘက်ရောက်လို့မှောင်ရီပင်
ပျိုးနေပြီဖြစ်သည်။

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Tempat cerita menjadi hidup. Temukan sekarang