Part - 48

2.6K 55 0
                                    

🌺ဦး မချစ်ခဲ့သော်🌺 /Part- 48/
**********💔**********

"ရှင်!"

သူမလက်ကိုဆွဲ၍ မျက်လုံးတွေကိုပင်မဖွင့်ပဲ
ပြောလာသည့်ဦးခြားကြောင့် ကိုယ့်ကိုကိုယ်ပင်
မလုံမလဲဖြစ်လာသည်။ညကအိမ်မက်ဆိုးတွေ
မက်ပြီးဦးခြား ရင်ခွင်ထဲအိပ်ပျော်သွားတာကို
အနွံ_မှတ်မိပါတယ်~~ ရှေ့နားကကိစ္စတွေ
အပါအဝင်ပေါ့ 😁😁

''ခင်ဗျား…ဘာတွေလျှောက်ပြောနေတာလဲ
အနွံ_မဟုတ်တာဘာတစ်ခုမှမလုပ်ဘူး
ခင်ဗျားကသာ~~ အနွံကို"

"ငါကမင်းကိုဘာလုပ်တာလဲ ဆက်ပြောလေ"

ရှေ့ကိုမဆက်ပဲရပ်နေသည့်စကားကြောင့်
ဟန်ပါပါပြုံးရင်းမှ သူပြောလိုက်တော့
သူမလေးက မျက်နှာတွေရဲတက်လာကာ
ဘေးဘက်ဆီကိုမျက်နှာလွှဲသွားသည်။
ပြီးမှ ပြန်လှည့်လာပြီးသူ့ကိုတင်းတင်းလေး
ကြည့်ကာ ပြောလာသည်က

"ခင်ဗျား အနွံကိုအနိုင်ကျင့်တယ်"

''အဟက်!"

မရဲတရဲလေသံစွာစွာလေးနဲ့ပြောပြီးချက်ချင်း
ခေါင်းကိုကုတ်၍မျက်နှာကိုငုံ့ထားသေးသည်။
ခရမ်းချဥ်သီးအရှုံးပေးရအောင်နီတာရဲ
ဖြစ်နေသည့်သူမမျက်နှာလေးအား
သေချာကြည့်ရင်းနဲ့

"အနိုင်ကျင့်အောင်ဘယ်သူလုပ်တာလဲ မင်းပဲလေ
နောက်ခါဒီထက်ပိုဆိုးမယ် သတိထားနေ!"

''ဟင်~"

နှုတ်ခမ်းတစ်စောင်းအပြုံးကြီးနဲ့ရယ်သွေး
လွှမ်းကာပြောလာသည့်ဦးခြားစကားက
အနွံ_ရင်ကိုထိတ်လန့်တုန်လှုပ်စေလေသည်။
ဒီထက်သာပိုဆိုးလို့ရှိရင် သူမသေရုံပဲ
ရှိပါတော့မယ်။ခန္ဓာကိုယ်တစ်ခုလုံးထုရိုက်
ခံထားရသလို တဆစ်ဆစ်နဲ့နာနေတာ
မလှုပ်ချင်မကိုင်ချင်နဲ့ရင်ထဲမှာလည်း
ခံစားရတာတစ်မျိုးကြီးပင်။

ရှက်ကိုးရှက်ကန်းဖြင့် ဦးခြားလက်ထဲက
အတင်းရုန်းပြီး ရေချိုးခန်းဆီသွားဖို့ပြင်တော့

"အမေ့!"

လက်ကိုလွှတ်မပေးပဲ ကိုယ်ကိုပါဆွဲချခြင်း
ခံလိုက်ရသဖြင့် သေးသွယ်သွယ်ကိုယ်လေးဟာ
ဦးခြား အပေါ်မှာထိုင်လျက်သားဖြစ်သွားပြီး
ကြောက်အားလန့်အားနဲ့မျက်စိစုံမှိတ်ကာ
ဦးခြားလည်ပင်းကိုတင်းတင်းဖက်ထား
မိတော့သည်။ထို့နောက်…ခါးထက်
ကျရောက်လာသော လက်တစ်ဖက်နဲ့အတူ
အနားနားတိုးဝှေ့ရိုက်ခတ်လာတဲ့ အသက်ရှုသံ
ခပ်ပြင်းပြင်းကြောင့် အနွံ_မျက်လုံးမဖွင့်ရဲပဲ
ဘာဖြစ်မလာမလဲ တွေးကြောက်နေမိ၏။

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Donde viven las historias. Descúbrelo ahora