🌺ဦး မချစ်ခဲ့သော်🌺/Part- 18/
**********💔**********''ဟင်~~~ဦးခြား"
နောက်သို့လှည့်လိုက်သည့်အခါ
ရေချိုးခန်းဝတွင်အပေါ်ပိုင်းဗလာကျင်းနဲ့
အောက်ပိုင်းကိုသဘက်ပတ်ထားပြီးသူမအား
ခါးကြီးထောက်၍မျက်လုံးနီနီများဖြင့်
ကြည့်နေသောဦးခြားကိုတွေ့ရတာကြောင့်
အနွံ_လန့်သွားမိကာနောက်သို့
ခြေလှမ်းနှစ်လှမ်းဆုပ်မိသွား၏။အနွံ_သူခိုးလူမိသလိုမျိုးဖြစ်သွားရပြီး
သူမရှေ့မှတောင့်တောင်းတင်းတင်း
Bodyနှင့်ဆွဲဆောင်မှုရှိသောကြွက်သား
အမြောင်းမြောင်းကိုပိုင်ဆိုင်ထားသည့်
ဦးခြားကိုကြောင်အ၍ကြည့်နေမိတော့သည်။
အမှတ်တမဲ့မို့ရင်အုပ်ကျယ်ကျယ်ကြီးကို
မျက်တောင်မခပ်တမ်းစူးစိုက်
ကြည့်နေမိတဲ့ သူမ။ဦးခြား_ကမိန်းကလေးတွေရဲ့စိတ်ကူး
အိမ်မက်ထဲကယောက်ျားကောင်းတစ်ယောက်၏
စံနှုန်းကိုတောင်ကျော်နေသေးပါ့လား။
ထင်မထားခဲ့ဖူးဘူး.......ကိုယ့်အတွေးနဲ့ကိုယ် သတိလွတ်နေသော
အနွံ_သူမဆီခြေလှမ်းကျဲများဖြင့်
လှမ်းလာနေသည့်ဦးခြားကိုပြူး၍သာ
ကြောင်ကြည့်နေမိချိန်မှာ''မင်းငါ့အခန်းထဲ ဘာလာလုပ်တာလဲ!!"
မာရေကျောရေနဲ့ထွက်လာသော
အသံကြောင့်အနွံ_သတိပြန်ဝင်လာကာ
ရှက်ကိုးရှက်ကန်းဖြင့်ပြန်ပြီး
လှည့်ထွက်မည်အပြု၌လက်ကရုတ်တရက်
အဆွဲခံလိုက်ပြီးသူမ၏ကိုယ်လေး
တစ်ပတ်လည်သွားသည်။ခြား_ထွက်သွားဖို့ပြင်နေသည့်သူမလက်ကို
ဆတ်ခနဲဆွဲလိုက်ကာသူ့ကိုယ်နဲ့ထိကပ်၍
ခါးအားတင်းတင်းဖက်ပြီးချုပ်ထားလိုက်သည်။''အနွံ_ကိုလွှတ် လွှတ်လို့ပြောနေတယ်"
အနွံ_ဦးခြားရဲ့သန်သန်မာမာလက်တွေကြားက
အတင်းရုန်းရင်းလွှတ်ပေးရန်ပြောနေပေမယ့်
မလွှတ်သည့်အပြင်ပိုပြီးတင်းသထက်တင်းတင်း
ဖက်တွယ်ထားတာကြောင့်ရင်အုပ်ကျယ်ကျယ်က
သူမခန္ဓာကိုယ်နဲ့ပူးပူးကပ်ကပ်ထိတွေ့မိလျက်။ယောကျ်ားဆန်သောခန္ဓာကိုယ်ကြွက်သားများနဲ့
ထိတွေ့မိနေတာကြောင့်အနွံ_ရင်ခုန်သံတွေက
ပုံမှန်ထက်ပိုမိုမြန်ဆန်လာ၏။ရုန်းလေလေ
ပိုပြီးမလွတ်လေဖြစ်နေတာမို့သူမရဲ့
မျက်နှာလေးရဲတွက်လာသည်။ရင်ဘတ်ချင်း
မပူးကပ်ဖို့လက်ကလေးနှစ်ဖက်ကို
ကြားခံရင်းခေါင်းငုံ့ထားမိတယ်။
KAMU SEDANG MEMBACA
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Romansa"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...