Part - 3

3.6K 70 0
                                    

🌺 ဦး မချစ်ခဲ့သော် 🌺/ Part - 3 /
***********💔**********

"ဘယ်လို''

''ခင်ဗျား!!!"

ရန်ပွဲတောင်ခင်းလိုက်သေးတယ်ဟုပြောလိုက်တဲ့
ထိုလူကြီးကြောင့်အနွံ_မျက်လုံးတွေဝိုင်းလာကာ
မကျေမနပ်ဖြင့်မျက်စောင်းတွေအဆက်မပြတ်
ထိုးမိ၏။ဒယ်ဒီက အနွံ_ကိုဆူချင်ဆူနေမှာ
အဲ့လူကလုံးဝအလိုက်ကန်းဆိုးမသိဘူး…ဟွန့်

ပန်းနုရောင် နှုတ်ခမ်းပါးလေးအားထော်ရင်း
ဒယ်ဒီအား မျက်နှာလေးမဲ့၍ကြည့်နေမိသည်။
ရန်ဖြစ်တာကိုဒယ်ဒီမကြိုက်မှန်း အနွံ_သိတယ်
ဟင့်…ဒယ်ဒီကစိတ်ဆိုးပြီး ကားမောင်းခွင့်
ပိတ်ပင်လို့ကတော့ ခင်ဗျားကြီးကိုအလွတ်မပေးဘူး

"ဒယ်ဒီရဲ့မွေးစားသမီးကအရမ်းစွာတယ်…ရန်ဖြစ်တာ
ကစ်ကစ်ကိုလန်လို့…သားကသူ့ကိုအငယ်မို့လို့အရှုံး
ပေးတာကိုအခွင့်ကောင်းယူပြီးပိုစွာပြတယ်"

"ဟားးး...ဟား...."

ကော်ဖီခွက်အား ကိုင်၍ဆိုဖာမှာဝင်ထိုင်ရင်းမှ
ပြောလာသော သားရဲ့စကားကြောင့်ဦးစည်းယံဟာ
ဟက်ဟက်ပက်ပက်ရယ်နေတော့သည်။
သားကအနေအေးသူမို့ကူးကူး နဲ့မတည့်လောက်ဘူးဟု
သူ ကြိုတွေးထားပြီးသားပါ…

"ကူးကူးက မောင်လေးကိုအခုမှစသိတာလေ
ခွင့်လွှတ်ပေးလိုက်ပါ…နောက်ကြရင်ကူးကူးကို
မောင်လေး_ခင်မင်ရင်နှီးပြီးချစ်တောင်ချစ်သွား
နိုင်တယ်နော်…ဟိ...ဟိ"

မပွင့်တပွင့်အသံတိုးတိုးလေးဖြင့်ရယ်နေသော
မမကြောင့် ခြား_သက်ပြင်းတစ်ချက်ချမိတယ်။
ဒီစွာတေးလန်မလေးကိုခင်မင်ဖို့ဆိုတာသူနဲ့
အဝေးကြီး…ပထမဆုံးစတွေ့ကတည်းက
မတည့်ကြတာ…တစ်အိမ်ထဲမှာသာအတူနေရရင်
ခြား_မြန်မာပြည်မှာကြာအောင်နေနိုင်မှာ
မဟုတ်တော့ဘူး.....

"မမ စကားကိုထိန်းပြော…အနွံတာကူးလိုစွာတေးမကို
ကျွန်တော်က_ခင်ဖို့မပြောနဲ့။စကားပြောရမှာ
တောင်လန့်တယ်"

"ခင်ဗျား!!နော်"

"ကူးကူး..."

ဦးစည်းယံ…ကူးကူးခေါ်လိုက်တဲ့နာမည်ကြောင့်
သတိပေးသလိုနဲ့နာမည်ကိုခေါ်လိုက်၏။
သူ ခေါ်လိုက်တာနဲ့ကူးကူး_ခေါင်းလေးငုံ့သွားပြီး
တိတ်ဆိတ်သွားသည်။ဒီလိုကျပြန်တော့
သူ စိတ်မကောင်းပြန်.....

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Where stories live. Discover now