Part - 56

2.9K 43 0
                                    

🌺ဦး မချစ်ခဲ့သော်🌺 /Part- 56/
**********💔**********

''ဟင်~ကူးကူး"

"ယံ!"

စကားသံနှင့်အတူ ဆေးခန်းထဲဝင်လာသော
ကူးကူးနှင့်ခြားကို တွေ့ရတာကြောင့်
အံ့သြရင်းရပ်ကြည့်နေမိကာ အနားနားကို
ကူးကူး ရောက်လာကာကျမှသတိပြန်ဝင်
လာ၏။မတွေ့ရတာကြာပြီဖြစ်သော
ကောင်မလေးက ပိုပိုပြီးလှသွေးကြွယ်
လာသဖြင့် မျက်ရည်စတွေကကြားမှ
အပြုံးလေးရေးရေး ပေါ်လာမိသည်။

"မမခြယ် ဆက်ပြီးတော့ကိုယ့်ကိုကိုယ်
အတိတ်တွေကြားမှာ မနစ်မွန်းပါနဲ့တော့နော်
အနွံ_ဘာတွေဖြစ်ခဲ့လဲမသိပေမယ့် မမခြယ်
ထိခိုက်နာကျင်မှာကို မလိုချင်ဘူး။မမခြယ်ပဲ
အနွံကို ခဏခဏပြောတယ်လေ။အတိတ်က
အတိတ် ပစ္စုပ္ပန်ထိသယ်မလာရဘူးဆို"

"ဟက်...."

ခြယ် လက်မောင်းကိုဆုပ်ကိုင်၍တစ်ချိန်က
သူမ ပြောခဲ့ဖူးသည့်စကားတွေနဲ့ပြန်ပြီး
နားချနေတဲ့ကူးကူးကြောင့် အသံထွက်အောင်
ရယ်မိပြန်တယ်။ကူးကူးတောင် အရွယ်ရောက်လို့
တော်တော်များများကို နားလည်လာပြီပဲ။
အတွေးလေးနဲ့ ကူးကူးဘက်ကိုဆုပ်ကိုင်ရင်း

"အတိတ်မှာဘယ်သူက နစ်မွန်းနေချင်မှာလဲ
ကူးကူးရယ်။ရုန်းမထွက်နိုင်ကြတာပါ
အတိတ်က နာကျင်ရသည်ဖြစ်စေ၊
ပျော်ရွှင်ရသည်ဖြစ်စေ အတိတ်မှာအတူ
ရှိခဲ့ကြတဲ့သူတွေက ကိုယ့်ဘဝရဲ့အချစ်ဆုံး
မြတ်နိုးရဆုံးလူတွေဖြစ်နေတော့ အဲ့အတိတ်ကို
လက်လွှတ်ရမှာနှမြောနေမိတယ်။မဖြစ်သင့်မှန်း
မလုပ်သင့်မှန်း သိပေမယ့် မမကိုယ်တိုင်က
အဲ့အတိတ်ကို မြတ်နိုးတမ်းတမိနေတော့
နာကျင်တာတွေကအရေးမပါတော့ဘူး"

မမခြယ် စကားကြောင့်အနွံ_ခေါင်းငိုက်စိုက်
ကျသွားမိသည်။မမခြယ် ပြောတာတွေ
အားလုံးက အမှန်တရားတွေချည်းသာ
အနွံကိုယ်တိုင်က အတိတ်မှာနစ်မွန်းနေစဲမို့
ကိုယ်ချင်းစာပေးလို့ရသည်။ဒါမယ့် အနွံက
မမခြယ်လောက် မခံစားမနာကျင်ရတော့ဘူး
အတိတ်ကမေးခွန်းရဲ့အဖြေကို သိခဲ့ရပြီလေ။
မမခြယ်မှာရော သူမလိုအတိတမှာ
မေးခွန်းတစ်ခုရှိနေတာလား???

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Donde viven las historias. Descúbrelo ahora