Part - 58

3K 40 0
                                    

🌺ဦး မချစ်ခဲ့သော်🌺 /Part- 58/
**********💔**********

''ဒေါက်တာ ဓီဇိုင်းဇက်ရဲ့ကောင်မလေးက
ဒီကမ္ဘာပေါ်မှာ တစ်ယောက်တည်းရှိတယ်
အဲ့ဒီသူက အယ်ရီရာနိုဆိုတဲ့ကျွန်မပဲ''

အခန်းထဲကို ကြည်လင်ပြတ်သားသည့်
အသံငြိမ်ငြိမ်လေးနဲ့အတူ ဝင်လာပါသော
ရွှေအိုရောင်ဆံနွယ်ရှည်များနဲ့ ချောမော
လှပသည့် မိန်းကလေးတစ်ယောက်။
သူက ဘယ်သူလဲ????သူမကိုတစ်ခါမှ
မမြင်ဖူးသည့်အပြင် ကိုကို့ကောင်မလေးဟု
ပြောလာတာကြောင့် အနွံ_မျက်လုံးလေး
ပြူးရင်း ကိုကို့အားနားမလည်စွာဖြင့်
ကြည့်နေမိသည်။

''ဟင်~အယ်ရီ!"

အခန်းထဲကိုဝင်လာပါသော အယ်ရီကို
ဓီ_တအံ့တသြနဲ့ငေးကြည့်နေတုန်း သူမက
သူ့လက်မောင်းကို တွဲချိတ်လာကာကျမှ
သတိပြန်ဝင်လာသည်။အယ်ရီက ဓီနဲ့
လူကြီးချင်းသဘောတူထားသည့် မိန်းကလေး။
သူ့ကိုသဘောကျနေတဲ့ သူတစ်ယောက်ဆိုရင်လည်း
မမှားပေ။ဒါမယ့် ဓီ_အပြတ်ပြောထားပြီးပြီ
သဘောကျသူရှိတယ်ဆိုတာကို။သူပြောပြ
ပေမယ့်လည်းအယ်ရီက နောက်မဆုတ်ခဲ့ပေ။

ဆိုင်သူပိုင်သူတစ်ယောက်ပမာ ဇိုင်းရဲ့လက်ကို
တွဲချိတ်ရင်း ဘေးနားကဖြူနုလှပနေသော
မိန်းကလေးအား အပြုံးနဲ့နှုတ်ဆက်လိုက်သည်။
ထိုကောင်မလေးကလည်း အယ်ရီကိုခေါင်းငြိမ့်ပြီး
တုံ့ပြန်အပြုံးလေးနဲ့ ပြန်နှုတ်ဆက်လေသည်။
ပြီးနောက် မတွေ့ရတာကြာပြီဖြစ်သည့်
မြတ်နိုးရသူကို အပြုံးလေးဆင်မြန်းလျက်
ငေးကြည့်နေမိ၏။

··မတွေ့ရတဲ့ခဏလေးအတွင်း ဇိုင်းကပိုပြီး
ခန့်ငြားချောမောလာသလိုပဲ··

''ပူတူးကို မိတ်ဆက်ပေးမယ်။ဒါက အယ်ရီရာနိုတဲ့
ကိုကို့ရဲ့ ကျောင်းနေဖက်~~~____"

"လူကြီးချင်းသဘောတူထားတဲ့ သူပါ
တွေ့ရတာဝမ်းသာပါတယ် "

"ေအာ်~ဟုတ်"

ဓီ_စကားမဆုံးသေးခင် ဖြတ်ပြီးပြောလာသည့်
အယ်ရီကြောင့် ပူတူအားအားနာသလို
ကြည့်ရင်း လက်မောင်းထက်ကအယ်ရီရဲ့
လက်တွေကို ဆွဲဖြုတ်လိုက်သည်။ပူတူး
သူ့ကိုတစ်မျိုးထင်သွားမှာမလိုလားပါ
မသက်ဆိုင်ပေမယ့်လည်းပေါ့။

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Where stories live. Discover now