Part - 60(end)

7.2K 78 8
                                    

🌺ဦး မချစ်ခဲ့သော်🌺 /Part- 60/(end)
**********💔**********

( ၃လ ကြာပြီးနောက်)

''အူကြူးရေ~~အူကြူး"

ခြား_အလုပ်ကပြန်ရောက်ရောက်ချင်းတွင်အိမ်ရှေ့မှာ
သူ့ကိုအမြဲကြိုနေတတ်သည့် ဇနီးချောလေးကို
မတွေ့ရတာကြောင့် မျက်နှာတွင်အလိုမကျမှုက
ထင်းလာပြီး အပေါ်ထပ်အောက်ထပ်အနှံ့
အူကြူးကိုရှာနေပေမယ့် အရိပ်အယောင်တောင်
မတွေ့တာမို့ စိတ်အစဥ်တွင်အပူလှိုင်းတို့
ကပ်တွယ်ငြိလာသည်။ပုံမှန်ဆို ခြား_ကားသံ
ကြားတာနဲ့အူကြူးက အိမ်ရှေ့အပြေးလေး
ထွက်လာပြီးသူ့နာမည်ကိုရေရွတ်ကာ ကိုယ်ပေါ်ကို
ခုန်တက်ပြီးဖက်တွယ်တတ်သည်။ဒီနေ့ကျတော့
အဲ့လိုကြည်နူးစရာလေး မလုပ်ရတဲ့အပြင်
ချစ်သည်းပေါက်လေးကိုမတွေ့ရတော့ စိတ်က
မကြည်တော့ပေ။ဘယ်တွေသွားနေတာလဲကွာ

"အစ်ကိုလေး~~မမလေးကူးကကိုဓီဇိုင်းဇက်နဲ့
ညစာစားဖို့ထွက်သွားပါတယ်"

"ဘာ!"

ဘယ်အချိန်အနားရောက်လာမှန်းမသိတဲ့
နုနယ်၏စကားကြောင့် ခြား_အလိုမကျစွာဖြင့်
အော်လိုက်ပြီး ကားသော့ဆွဲကာပြန်ပြီး
ထွက်လာခဲ့သည်။ဓီဇိုင်းဇက်နဲ့နီးနီးကပ်ကပ်
မနေရဘူးလို့ အတန်တန်မှာထားသည့်ကြားက
နားမထောင်ဘူး။ကိုယ့်ကို အူတိုရလွန်းပြီး
သေအောင်လုပ်နေတာလား အူကြူးရယ်။
ဟူးးးးလေပူတွေမှုတ်ထုတ်ရင်းနဲ့ အူကြူးရဲ့
ဖုန်းကိုခေါ်တော့ မကိုင်တာကြောင့်ပိုပြီး
စိတ်တိုရသည်။ဖုန်းတောင်မကိုင်ရလောက်အောင်
ဘာတွေအရေးတကြီးဆွေးနွေးနေကြတာလဲ။

စိတ်ထဲက မကျေနပ်စွာဖြင့်ပြောရင်းကားကို
အရှိန်မြှင့်ကာ ဓီဇိုင်းဇက်အလုပ်လုပ်တဲ့
ဆေးရုံဆီကိုထွက်လာခဲ့သည်။
.
.
.
"ကိုကို…အနွံကိုပြောစရာရှိလို့ဆို"

ပြောစရာရှိလို့ဆိုပြီး ဖုန်းဆက်ခေါ်ပြီးမြို့ရဲ့
ပန်းခြံစင်္ကြံလမ်းကိုလာခဲ့တော့ အခုတထိ
ဘာမှမပြောသေးပဲနဲ့ကျယ်ဝန်းလှသော
ပန်းခြံကိုစူးစူးစိုက်စိုက် ကြည့်နေတဲ့ကို့ကို့အား
အနွံ_မရဲတရဲလေးမေးလိုက်သည်။အခုဆို
သူမတို့ဒီကိုရောက်တာ၁နာရီ ကျော်နေပြီ။
တဖြည်းဖြည်းနဲ့မှောင်ရိပ်လည်းသန်းလာပြီမို့
အလုပ်ကပြန်ရောက်လာတဲ့ ဦးခြား သူမကို
မတွေ့ရလို့စိတ်ပူနေမှာသေချာသည်။အိမ်တော်အနှံ့
ရှာပြီးဒေါသထွက်နေမှာလည်း အသေအချာမို့
အိမ်တော်ကို ပြန်ဖို့လောနေမိတယ်။

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Donde viven las historias. Descúbrelo ahora