🌺ဦး မချစ်ခဲ့သော်🌺 /Part- 42/
**********💔**********"နင် တကယ်ပဲဒီလိုလုပ်ဖို့ ဆုံးဖြတ်ထားတာလား
ကူးကူး။နင့်အတွက်မတရားဘူးလေဟာ
ဦးခြားကို နင်သိပ်ချစ်နေပါရက်နဲ့တခြားသူ
လက်ထဲကိုထိုးထည့်ပေးနေတယ် အဲ့ဒါက
ပြောင်းပြန်ဖြစ်ကုန်ပြီ သူများတွေက
ကိုယ်ချစ်ရတဲ့သူကို ပိုင်ဆိုင်ပြီးထာဝရ
လက်မလွှတ်ရအောင်ကြိုးစားကြတယ်
နင်ကရော???ပိုင်ဆိုင်ရပြီးတခြားသူဆီကို
ပြန်ထည့်ပေးနေတာ~~~""အဲ့ဒါကိုတစ်ပါးသူတွေကမှားတယ်လို့
မြင်ချင်မြင်လိမ့်မယ် ငါကတော့မှန်တယ်လို့မြင်တယ်
ကိုယ့်အပေါ်မြူမှုန်လေးတစ်မှုန်လောက်တောင်
ဂရုစိုက်ချစ်မပေးတဲ့သူရဲ့အဝေးဆုံးကို
ထွက်သွားလိုက်စမ်းပါ။အချစ်နွံထဲရုန်းထွက်ပြီး
သူမရှိလည်း နင်ကောင်းကောင်းရပ်တည်
နိုင်တယ်ဆိုတာကို ပြလိုက်စမ်းပါ ဘာတွေကို
တွေးပြီးတွန့်ဆုတ်နေရတာလဲ"တယောနှင့်ဝတ်ရည် သူငယ်ချင်းမလေး၏ရင်ဖွင့်
စကားသံတွေကြားရပြီးနောက် မခံမရပ်နိုင်အောင်
စိတ်တိုဒေါသထွက်ကာ ကူးအား လေသံမာမာဖြင့်
ပြောမိသည်။အချစ်အတွက် နင်ပေးဆပ်တာတွေ
အရမ်းများနေပြီ ကူးကူး။ပေးဆပ်ရသလောက်
ပြန်လည်းမရခဲ့ပဲနဲ့ဘာလို့များ ကိုယ့်ကိုကိုယ်
နာကျင်အောင်လုပ်နေရတာလဲ???တယောတို့စကားသံကို မကြားတစ်ချက်
ကြားတစ်ချက်နဲ့အတွေးတွေများနေမိသည်။
သူမ တကယ်ပဲထွက်သွားရတော့မှာပါလား
မထွက်သွားခင်လေးတော့ ဖေဖေတို့ကိစ္စကို
အဖြေရှာချင်သေးတယ်။အဖြစ်မှန်အတိုင်း
သိရဖို့ အမြန်ဆုံးကြိုးစားဖော်ထုတ်ရမယ်
ဒါမှသာလျှင် သူမစီစဥ်ထားတဲ့အတိုင်း
အားလုံးဖြစ်လာမှာလေ။အဲ့အတွက်
သူမ တစ်ယောက်တည်းအင်အားနဲ့မရပေ။
တစ်စုံတစ်ယောက်ကိုတော့ အကူအညီ
တောင်းရပေအုံးမည်။''တယော_နင့်အစ်ကိုအလုပ်လုပ်တဲ့
ကာစီနိုဝိုင်းကနေ ငါ့အတွက်သတင်းတစ်ခု
စုံစမ်းပေးဖို့ပြောပေးပါ့လား ငါငွေပေးမှာပါ""ဟမ်!!!"
မဆီမဆိုင်နဲ့တခြားအကြောင်းအရာကို
ပြောလာသည့်ကူးကူးကြောင့် တယောရော
ဝတ်ရည်ပါ အံ့သြသွားရသည်။အခုကျ
တိတ်ဆိတ်ငြိမ်သက်နေလိုက်တာများ
စောနက မျက်ရည်လေးတလည်လည်နဲ့
သူမ မဟုတ်တဲ့အတိုင်းပဲ။
KAMU SEDANG MEMBACA
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Romansa"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...