Part - 9

2.2K 58 0
                                    

🌺 ဦး မချစ်ခဲ့သော် 🌺/ Part - 9/
***********💔**********

''အောက်ချ……အင့်"

အောက်ချပေးရန်စကားတွေတောက်လျှောက်
ပြော၍ထိုလူလက်ထဲမှအတင်းရုန်းကန်နေသော
အနွံ_ရဲ့နှုတ်ခမ်းနီတာပါးပါးလေးများဟာ
တစ်စုံတစ်ခုနဲ့ပိတ်ဆို့ခံလိုက်ရသဖြင့်စကားသံ
ရပ်တန့်သွားသည်။ ပိတ်ဆို့လိုက်သည့်အရာက
နီညိုရောင် နှုတ်ခမ်းများဖြင့်။

ဘယ်လိုမှထင်မထားခဲ့တဲ့ထိုလူလုပ်ရပ်ကြောင့်
အနွံ_မျက်လုံးလေးတွေဝိုင်းစက်လာကာ
မျက်တောင်ခပ်ဖို့မေ့လျော့နေမိတော့သည်။
ထိကပ်ထားသည့်နှုတ်ခမ်းသားများကြောင့်
ရင်ခုန်သံတွေဟာဗြောင်းဆန်ကုန်ပြီး
ထုရိုက်နေသောလက်ကလေးနှစ်ဖက်ကလည်း
ရပ်တန့်လျက်ပေါ့။

စကားအရမ်းများလွန်းသောနှုတ်ခမ်းများအား
သူမကိုပွေ့ချီထားလျက်ကပင်ခြား_ခေါင်းငုံ့၍
နူးနူးညံ့ညံ့နှုတ်ခမ်းသားတို့အားဖိကပ်ထားလိုက်ကာ
စကားဆက်မပြောနိုင်အောင်လုပ်ထားလိုက်၏။
နှုတ်ခမ်းနှစ်ခုထိကပ်လျက်မှကားဆီကို
ခြေလှမ်းကျဲကျဲများဖြင့်လျှောက်လာခဲ့သည်။

ဆေးရုံအောက်ထပ်မှလူများဟာလည်သူတို့အား
အံ့သြစူးစမ်းသည့်မျက်လုံးတွေနဲ့ဝိုင်းကြည့်နေကာ
တီတိုးပြောဆိုနေကြတာကိုခြား_မြင်ပေမယ့်
ဂရုမစိုက်ပဲကားဆီကိုပဲလာခဲ့လိုက်သည်။
ကားဆီကိုရောက်တော့ကားတံခါးအဆင်သင့်
ဖွင့်ပေးနေသော ကွန်း_တစ်ယောက်သူဋ္ဌေးရဲ့
လုပ်ရပ်ကြောင့် ပါးစပ်အဟောင်းသားဖြစ်ရ၏။

''ဒါ...ဒါ...ဒါက...ဘယ်လို....''

''အိမ်ကိုအမြန်မောင်း…အချိန်မရှိတော့ဘူး''

ကားနားကိုရောက်မှနမ်းနေရာအားခွာ၍
ရတိပြတ်ပြောချလာသောသူဋ္ဌေးစကားကြောင့်
ကွန်း_အတွန့်မတက်တော့ပဲကားပေါ်ကိုသာ
တက်လာခဲ့သည်။

ခြား_သူမအားနောက်ခန်း၌နေရာချပေးပြီး
သူပါဝင်ထိုင်လိုက်တာနဲ့ကားကမောင်းထွက်သွား၏။
ကားပေါ်နေရာအတည်တကျရသည်နှင့်
အနွံ_ဒေါသတွေမထိန်းနိုင်တော့ပဲ
ထိုလူကြီးအား စိတ်ရှိသမျှထုရိုက်ပစ်လိုက်သည်။
လက်သီးဆုပ်ဆုပ်သေးသေးများဖြင့်အဆက်မပြတ်
ထုရိုက်ရင်း နှုတ်ဖျားမှလည်းစကားသံမရပ်ခဲ့။

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Kde žijí příběhy. Začni objevovat