Part - 46

2.5K 55 1
                                    

🌺ဦး မချစ်ခဲ့သော်🌺 /Part- 46/
**********💔**********

"ရှင်!!"

ဦးခြား စကားကြောင့်အနွံ_အရမ်းကိုအံ့သြ
ဆွံအမိသွားတယ်//မမခြယ်မှာ ချစ်သူ
ရှိခဲ့ဖူးမှန်း သူမလုံးဝမသိခဲ့ရပေ။ဘာကြောင့်
လာပြောတဲ့သူတွေကို ငြင်းလွှတ်တာလည်း
အခုမှသေချာနားလည်သွားရသည်။
အချစ်ကြီးသလို အမျက်လည်းကြီးတဲ့
မမခြယ်ပါ့လား???

"အနွံကို ဘာတွေဖြစ်ခဲ့တာလဲ ပြောပြ
ပေးလို့ရမလား?ဟင်"

"……"

"ဦးခြား~"

အနွံ_ခေါ်နေပေမယ့် သူမဆီတစ်ချက်ကလေးမှ
လှည့်မကြည့်ပဲရှေ့ကိုသာ စူးစိုက်ကြည့်နေတဲ့
ဦးခြားကို မျက်နှာလေးမဲ့ကာကြည့်နေမိသည်။
လမ်းမထက်တရိပ်ရိပ်ပြေးလွှားနေသော
ကားလေးဟာ နောက်ဆုံးတော့အိမ်ကို
ပြန်ရောက်လာခဲ့သည်။အိမ်တော်ကိုရောက်ပြီး
သူမကိုထားခဲ့ကာပြန်ထွက်သွားသော
ဦးခြားကားကို မြင်ကွင်းမှပျောက်သည်အထိ
ငေးကြည့်နေမိတယ်။

ဒီနေ့မမကျူး.....ဦးခြားကိုကြည့်နေသည့်
မျက်ဝန်းတွေမှာချစ်ခြင်းအငွေ့အသက်တွေ
အပြည့်ပါဝင်နေပြီး ဆွေးမြေ့ဝမ်းနည်းမှုတွေလည်း
မြင်တွေ့ခဲ့ရသည်။မမကျူးက ဦးခြားကို
အရမ်းချစ်ပုံပေါ်သည်~~~ တွေတွေလေး
ငေးကြည့်နေပြီး ရင်ဘတ်ထဲမှာပြောစရာတွေ
အများကြီးရှိနေသလိုပင်။ဟင်းးးးး
သက်ပြင်းများချရင်း ကိုကို့....ဆီကိုဖုန်းဆက်ကာ
တယော....အကိုအလုပ်လုပ်တဲ့ကာစီနိုဝိုင်းကို
ညကျသွားဖို့ပြောလိုက်တယ်။

ဦးခြားအနားမှာနေရမဲ့ သူမရဲ့အချိန်တွေ
သိပ်မကျန်တော့ဘူးလေ။ကိစ္စတွေကိုအမြန်ဆုံး
ပြီးမြောက်အောင်လုပ်ရမယ်~~~ တွေးရင်းနဲ့
မျက်ရည်စတွေဝဲတက်လာသဖြင့် လက်မလေးနဲ့
အသာဖိသုတ်ရင်း အိမ်တော်ထဲဝင်လာခဲ့သည်။
.
.
.
.
.
.
"နောက်တစ်ပုလင်းထပ်ပေး!"

ရိုင်း~~JAYဘားကိုအလည်လာတော့ မူးဝေနေတဲ့
မိန်းကလေးတစ်ယောက်၏အသံကို
ကြားရသဖြင့် နေ့ဘက်ကြီး အရက်လာသောက်တဲ့မိန်းကလေးရှိသေးတာလားပေါ့~~
တော်တော်ဆိုးတဲ့မိန်းကလေးပဲ

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Donde viven las historias. Descúbrelo ahora