Part - 19

1.9K 41 0
                                    

🌺ဦး မချစ်ခဲ့သော်🌺/Part- 19/
**********💔**********

''ရှင်!!!"

တအံ့တသြရေရွက်သံလေးနှင့်အတူ
အနွံ_မျက်လုံးတွေကဘေးနားမှာ
ထိုင်နေတဲ့ဦးခြားဆီသို့ချက်ချင်း
ရောက်သွားသည်။သူမထင်နေခဲ့တာက
ဒယ်ဒီ အတင်းခိုင်းလို့လာရှာတယ်
ထင်နေခဲ့တာလေ~~~သူမ အထင်လွဲ
နေမိခဲ့တာပါလား????

အနွံ_ဦးခြားအားတောင်းပန်သည့်
အကြည့်မျိုးနဲ့ကြည့်ရင်းမျက်လွှာချထားလိုက်ပြီး

''ကျေးဇူးတင်ပါတယ်''

တိုးလျညင်သာသည့်အသံနဲ့ပြောလိုက်သည်။

''မင်း ဘာပြောလိုက်တာလဲ ငါသေချာ
မကြားလိုက်လို့ထပ်ပြောပေး''

ကြားရဲ့သားနဲ့တမင်မကြားချင်ယောင်
ဆောင်ပြီးထပ်ပြောခိုင်းသည့်ဦးခြားကြောင့်
အနွံ_ဒေါသထွက်တာပေါ့။တမင်သက်သက်
အနွံကိုအနိုင်ကျင့်နေတာ လူ့ဂွစာကြီး
စိတ်ထဲမှကျိန်ဆဲရင်းနား-နားကို
လက်တစ်ဖက်ကပ်၍နားစွန့်နေသည့်
ထိုလူကြောင့်စိတ်ရှုပ်စွာဖြင့် နှုတ်ခမ်းကို
တစ်ချက်မဲ့လိုက်မိပြီး ဦးခြားရဲ့နား-နားအား
နီးသထက်နီးအောင် တိုးကပ်လိုက်ကာ

''ကျေးဇူးတင်ပါတယ်လို့"

''မင်း!!!

နားဝကိုအသံကုန်အော်၍ပြောလာသည့်
သူမကြောင့် ခြား_နား တော်တော်ဆူအူ
သွားပြီးစိတ်တိုစွာဖြင့်ခေါင်းကိုငေါက်ရန်
လက်ရွယ်လိုက်ချိန်ဒယ်ဒီကိုမြင်လိုက်ပြီး
ပြန်ရုတ်သိမ်းလိုက်သည်။စိတ်ရှိတိုင်းသာ
လုပ်ရရင် သူမအရိုးတောင်ကျန်မှာ
မဟုတ်ပါ။မိန်းကလေးဖြစ်ပြီးတက္ကသိုလ်
ပထမဆုံးပြန်တက်တဲ့နေ့မှာကားပြိုင်
မောင်းလို့ကျောင်းအုပ်ခေါ်တာခံရသတဲ့

သူ့မှာ အလုပ်တွေပျက်ပြီးကျောင်းအုပ်ဆီက
သွားထုတ်ရတယ်။ပြသနာအိုးမ!!!

ထိုနှစ်ယောက်ကိုကြည့်ပြီးဘေးနားက
ဦးစည်းယံနှင့်ခြယ် တို့မျက်နှာထက်တွင်
အပြုံးတွေမရပ်ရတော့။မတည့်အတူနေ
ကြောင်နှင့်ကြွက်လိုရန်ဖြစ်နေကြတဲ့
သူတို့နှစ်ယောက် မပေါင်းစည်းနိုင်ဘူးလို့
ဘယ်သူမှအတပ်မပြောနိုင်ပါ။

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Tempat cerita menjadi hidup. Temukan sekarang