Part - 53

3K 63 0
                                    

🌺ဦး မချစ်ခဲ့သော်🌺 /Part- 53/
**********💔**********

"အဲ့ကောင်တွေကို ပြုံးမပြနဲ့ အူကြူး"

"ဟာ~"

ရုပ်တည်ကြီးနဲ့သူတို့အား ခပ်ချေချေကြည့်ကာ
ပြောလာတဲ့ ခြားကြောင့် JAYတို့အတော်
ခံရခက်သွားသည်။အဲ့လောက်ကြီး ပိုဖို့
လိုကိုမလိုတာကြီးကို။ကော်တရာကပ်စေးနှဲကောင်
အပြုံးလေးတစ်ပွင့်တောင် နှမြောနေတယ်
စည်းတိမ်ယံခြား အစစ်မှဟုတ်ပါလေလား
ရိုင်းဆို သူငယ်ချင်းဖြစ်သူကိုအမြင်ကတ်လွန်းလို့
ပေကပ်ကပ်နဲ့ပြန်ကြည့်နေတော့သည်။

မျက်နှာကြီးရှစ်ခေါက်ချိုးနဲ့သူတို့ကို ကြည့်နေပုံက
ရိုက်သတ်ပစ်ချင်စရာ။FA တွေဆိုပြီးနှိမ်တဲ့
အကြည့်တွေကအထင်းသား မြင်နေရတာမို့
နှစ်ယောက်သား စိတ်အချဥ်ပေါက်လာရတယ်
တော်တော်များနေပြီ ဒီကောင်။

"မင်းဟာက အကဲပိုတယ်ဆိုတာထက်ကို
လွန်နေပြီဆိုတာသိရဲ့လား! ဟမ်။အချိုးကို
မပြေဘူး ရုပ်ကိုကတလောကလုံး သူ့မိန်းမ
မျက်နှာနဲ့ပြည့်နေသလိုပဲ ထပ်ပြီးလာဖဲ့ရင်
မင်းကိုဒီနေရာမှာတင် ရိုက်သတ်ပစ်မှာ!"

''မလုပ်ရဲဘူး မထင်နဲ့နော် အတည်လုပ်မှာ"

JAYကမျက်နှာထားတည်တည်နဲ့ပြောတော့
ရိုင်းကလည်း ချက်ချင်းပင်ထောက်ခံသည်။
ရိုင်းနဲ့JAY နှစ်ယောက်တည်းဆိုရင်သာ
တဂျစ်ဂျစ်နဲ့ရန်သတ်နေပေမယ့် ခြားကို
လက်တုံ့ပြန်ဖို့ဆို တက်ညီလက်ညီပူးပေါင်းပြီး
ပညာပေးကြသည်။တစ်ယောက်တစ်ပေါက်နဲ့
ခြားကို အမြင်ကပ်စွာကြည့်ရင်း ရိုက်သတ်မှာ
ပြောလိုက်တော့ကိုယ်တော်ချောက ဘာပြန်
ပြောတယ်ထင်လဲ။

"လုပ်ရဲရင်လုပ်ကြည့်လေ ငါ့မိန်းမနဲ့တိုင်မှာ
မကျေနပ်ရင် မင်းတို့လည်းမင်းတို့မိန်းမကို
သွားတိုင်ပေါ့ နော် အူကြူးလေး"
(သာသာလည်း viewနည်းရင် ကိုကိုဓီနဲ့
တိုင်မှာနော် 😞😞)

ဟိုနှစ်ကောင်အား အပြုံးရင့်ကြီးနဲ့ပြောရင်း
ဘေးနားမှာထိုင်နေတဲ့ အူကြူးကိုပါ
လှမ်းထောက်ခံခိုင်းတော့ သူမလေးက
မခို့တရို့လေး ပြုံးပြီးသူ့ကို ကြည့်လာပါတယ်။
အသည်းတွေယားလိုက်တာ ဒီအူကြူးလေးကို

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Donde viven las historias. Descúbrelo ahora