Part - 16

2K 48 0
                                    

🌺ဦး မချစ်ခဲ့သော်🌺/Part -16/
**********💔***********

လမ်းမထက်တရိပ်ရိပ်ပြေးလွှားနေသော
အနက်ရောင်ကားထဲမှလူဟာမျက်နှာထက်
မထီပြုံးပြုံးရင်းကားကိုမောင်းနှင်နေစဲ။
မြင်ကွင်းတွေကလျှပ်တပြက်လေး
မြင်ရတဲ့အထိကားကအရှိန်မြန်နေလေသည်။

တဖြည်းဖြည်းနဲ့ကားကမြို့ထဲကို
ပြန်ရောက်လာသည့်အခါ၌

''တီ~~တီ"

ကားမောင်းနေစဥ်ဝင်လာသော
Unknown Number ကြောင့် ခြား_ရဲ့
အပြုံးကပိုပြီးအသက်ဝင်လာကာဖုန်းကို
တစ်ချက်ငဲ့ကြည့်ရင်းမကိုင်ပဲထားလိုက်သည်။
ဘယ်သူဆိုတာ သူကြိုသိနေတယ်လေ
ခြား_အစကတည်းကပြောထားပြီးသား

သူ့ရှေ့အဲ့ခွေးထပ်ပေါ်လာရင်အလွတ်
မပေးဘူးလို့~~~အခုတော့ခွေးစုတ်က
သူ့ရှေ့ပေါ်လာရုံမက Appleကိုထိခိုက်အောင်
လုပ်ဖို့ကြံသေးတယ်။သူ့အခန်းကိုပါမွှေနှောက်
သွားတာ အဲ့ခွေးကြောင့်ခြား_ပစ္စည်းတွေ
အဝတ်အစားတွေ အကုန်ပွေပွကုန်လို့
သူ အရမ်းဒေါသထွက်မိသည်။

ငါ့ကိုလာရှုပ်လို့မင်းကိုပြန်လက်တုံ့ပြန်တာပါ
မင်းထိုက်နဲ့မင်းကံခံပေတော့ပေါ့~~~~

''တီ~~~တီ''

အဆက်မပြတ်ဝင်လာသောဖုန်းကြောင့်
ခြား_မျက်နှာဟာလူယုတ်မာပြုံးကြီးနဲ့
အင်မတန်ကြည့်ကောင်းမိုက်နေလေသည်။
ငါ့ကိုလာစရင်ငါကအဆတစ်ရာမကပြန်ပြီး
လက်တုံ့ပြန်တတ်တယ်ဆိုတာ မင်းသိထားသင့်ပြီ
ချာတိတ်မလေး~~~~~~

ဖုန်းကမနားမနေဝင်လာနေပေမယ့်
ခြား_ဥပက္ခာပြုထားလိုက်ပြီးကားကိုသာ
စိတ်စိုက်မောင်းနေလိုက်သည်။
ကားရဲ့ဦးတည်ရာကတော့ လေယာဥ်ကွင်းဆီသို့။
-
-
-
အနွံ_ဖုန်းကိုမနားတမ်းခေါ်နေပေမယ့်
ပြန်ဖြေကြားခြင်းမရှိတာကြောင့်ရင်ထဲဝယ်
ပူလောင်နေပြီ။သူမ ဘယ်လိုလုပ်ရမလဲ
ဒိုရာကို အရမ်းစိတ်ပူနေမိတယ် တစ်ခုခုသာ
ဖြစ်လို့ကတော့ သူမရင်တွေကွဲရချည်ရဲ့။

ဖုန်းကလည်းခေါ်မရ။အကိုကွန်းကိုမေးတော့လည်း
ကုမ္ပဏီမှာမရှိဘူးပြောတယ် ခင်ဗျားကြီးကို
တွေ့သာတွေ့ပါစေ အမှုန့်ကြိတ်ပြီးရေပါ
ဖျော်ပစ်မယ် ဒိုရာသာတစ်ခုခုဖြစ်လို့ကတော့
ခင်ဗျားကြီးကိုအနွံ_ခွင့်မလွှတ်ဘူး

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)حيث تعيش القصص. اكتشف الآن