🌺ဦး မချစ်ခဲ့သော်🌺 /Part- 54/
**********💔**********''ခင်ဗျား!"
နှုတ်ခမ်းလေးစူကာ သူ့ကိုရန်တွေ့နေသဖြင့်
သဘောကျစွာပြုံးမိရင်း အခန်းဆီသွားဖို့လုပ်တော့"ခင်ဗျားနဲ့အတူ အိပ်မယ်ဘယ်သူပြောလဲ
အနွံကို ချပေး! ချပေးလို့"လက်ပေါ်မှာအညိမ်မနေပဲနဲ့ ကိုယ်ပေါ်က
အတင်းဆင်းဖို့လုပ်နေသဖြင့် သွားနေတာအား
ရပ်၍ဘေးနားက စားပွဲမြင့်ပေါ်ကို အူကြူးအား
တင်ပေးလိုက်ပြီးခုံပေါ်လက်ထောက်၍သူမအနား
တိုးကပ်၍ မျက်လုံးချင်းဆုံစေလိုက်ကာ"အကြမ်းဖက်ရအောင် လာလုပ်နေတာလား။
ဒီတစ်ညလေးပါပဲ မြတ်နိုးရာလေးကို
ရင်ခွင်ထဲတင်းတင်းဖက်ပြီး အနွေးဓာတ်လေး
ပေးကာ ရှည်ကြာတဲ့ညတာကိုဖြတ်သန်းချင်တာပါ။
အူကြူး~~လိုက်လျောပေးနိုင်မလား"မီးရောင်ထင်းထင်းအောက်မှာ စူးရှ၍
တောက်ပနေတဲ့ ဦးခြား၏မျက်လုံးများနဲ့
ကြားလိုက်ရတဲ့ စကားတွေကြောင့်
အဆမတန်ခုန်ပေါက်နေသော
နှလုံးသားလေးကြောင့် နောက်ကိုပိုပြီး
ဆုတ်မိလိုက်သည်။ရင်ခွင်ထဲတင်းတင်း
ဖက်ပြီး အနွေးဓာတ်လေးပေးချင်ရုံတဲ့ဦးခြားရင်ခွင်က ကမ္ဘာပေါ်ကအရာ
အားလုံးထက် နွေးထွေးမှုကိုအပြည့်အဝ
ပေးနိုင်မှန်းသိနေပေမယ့် တွန့်ဆုတ်နေမိစဲပါ။
ဦးခြား အပေါ်ဘဝတစ်ခုလုံးပုံအပ်ထားတယ်
ဆိုသော်လည်း မသိစိတ်ကသူမကို ငြင်းဆန်
နေသေးသည်။ဦးခြား အချစ်တွေကိုလက်ခံဖို့
သူမ မဝံ့ရဲသေးပေ။''အနွံ_ကိုအချိန်နည်းနည်း ပေးပါ ဦးခြား။
ဦးခြား အချစ်တွေကိုလက်ခံဖို့ အနွံ_မှာ
သတ္တိအလုံအလောက် မရှိသေးလို့ပါ"ဘေးနားက မီးအိမ်လေးရဲ့အလင်းရောင်နဲ့
လင်းလက်တောက်ပနေသည့် မျက်လုံးတွေမှာ
အားငယ်/တွန့်ဆုတ်မှုတွေ တွေ့မြင်နေရသည်။
ကိုယ့်အချစ်တွေကို လက်ခံဖို့အဲ့လောက်ထိ
ခက်ခဲနေတာလား??အူကြူးရယ်။ဒါမယ့်
အူကြူးသဘောထားကို ကိုယ်မကန့်ကွက်ပါဘူး
အချိန် ဘယ်လောက်ပဲဖြစ်ဖြစ် စောင့်နေမှာပါ
![](https://img.wattpad.com/cover/343052848-288-k813575.jpg)
KAMU SEDANG MEMBACA
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Romansa"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...