Part - 38

2.1K 45 2
                                    

🌺ဦး မချစ်ခဲ့သော်🌺/Part- 38/
***********💔*********

''ဘာ!!!"

"ဖုန်းဆက်တော့လည်း မရဘူး"

မမရဲ့နောက်ဆက်တွဲစကားကြောင့်သူ့ရဲ့
ရင်ထဲပိုပြီး စိုးရိမ်ထိတ်လန့်လာကာ
ဒေါသနဲ့စိတ်တိုစိတ်ပျက်စွာဖြင့်အော်မိသည်။
လုပ်လိုက်ရင် အရာရာနဲ့အကြောင်း​ကြောင်း
မင်းက ပြသနာမရှာရရင် မနေနိုင်ဘူးလားကွာ
သူမပြသနာတွေ ရှင်းပေးရတာလည်း
အကြိမ်ကြိမ်အခါခါ။ဆူငေါက်တာလည်း
အမှတ်မရှိဘူး ပိုဆိုးရုံသာရှိတာလား

မင်းက တော်တော်ဒုက္ခပေးနိုင်လွန်းတယ်
လက်ထပ်တာ၁လပြည့်ရုံပဲရှိသေးတာကို
သူမပြသနာတွေဘယ်နှစ်ခါတောင်ရှင်းရ
ပြီးပြီလဲ~~အရင်အပတ်တုန်းကလည်း
ဘေးနှစ်ခြံကျော်က ကောင်လေးနဲ့
ရန်ဖြစ်လို့ သူရှင်းပေးခဲ့ရပြီးပြီ။အဲ့နောက်
ခြံချင်းကပ်ရပ်က အဒေါ်ကြီးနဲ့ရန်ဆက်ပြီး
ဖြစ်ပြန်လို့ တစ်ပါးသူကိုအောက်မကျို့တဲ့သူ
မနည်းတောင်းပန်​ပြောခဲ့ရလေတယ်။

ပြီးနောက် ပြသနာမရှာခဲ့တာမို့
သူစိတ်အေးလက်အေးနဲ့ကုမ္ပဏီမှာ
အလုပ်လုပ်ရလို့ပျော်နေတုန်းရှိသေးတာ
အခုကပြသနာရှာတာထက် ပိုဆိုးနေတော့
စိတ်ပျက်ဒေါသထွက်စွာနဲ့ ကျစ်!သပ်မိရင်း
ကားသော့ကိုဆွဲ၍ မမဆီကိုလာခဲ့လိုက်သည်။
လမ်းတစ်လျှောက် သူမကိုဖုန်းဆက်ပေမယ့်
လူကြီးမင်းနဲ့သာ တိုးနေရသဖြင့်ကားကို
ပိုအရှိန်တင်၍မောင်းထွက်လာခဲ့ရင်း
သူမကိုရှာဖို့ လူလွှတ်ရန်ကွန်း_ကို
အလောတကြီး ဖုန်းဆက်ရတော့သည်။

အရှိန်မြန်မြန်ဖြင့် မမဆီကိုရောက်လာတော့
ဆေးခန်းရှေ့ရပ်ထားသည့် သူမ၏ပြိုင်ကား
အနီရောင်ပြိုင်ကားကိုတန်းတွေ့ရသဖြင့်

*ကားကိုတောင်မယူပဲ ထားခဲ့ရလောက်အောင်
မင်း ကဘယ်ဆီသွားတာမို့လဲ!*

ကားဆီ အကြည့်တစ်ချက်ပို့ရင်းနဲ့တွေးရင်း
ဆေးခန်းထဲဝင်လာလိုက်တာနဲ့ မျက်နှာတစ်ခုလုံး
သွေးမရှိအောင်ဖြူဖျော့၍ စိုးရိမ်ကြောက်လန့်မှုတွေ
အထင်းသားပေါ်လွင်နေတဲ့မမကို တွေ့ရသည်။
တစ်ခုခုဆို စိတ်ထင်ရာတွေ တွေးနေတတ်တဲ့
မမကိုသူက ဘယ်လိုဖြေသိမ့်ရမလဲ။
အနွံတာကူး ပျောက်တာ ဆိုတော့ပိုဆိုးပြီပေါ့

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Où les histoires vivent. Découvrez maintenant