🌺ဦး မချစ်ခဲ့သော်🌺/Part- 22/
**********💔***********''အမ်!!!"
အစ်ကိုကွန်းစကားလည်းကြားရော
အနွံ_အပါအဝင်အကုန်လုံးက
အံ့သြကုန်ကြသည်။ဦးခြားကတကယ်ပဲ
သူမကိုတစ်ညနေလုံးရှာနေခဲ့တာလား??
အဲ့ဒီအတွေးလေးနဲ့အတူမိုးရေထဲမှာ
ကြာကြာနေလို့ဦးခြားနေမကောင်းဖြစ်တာ
သူမကြောင့် အခုလိုဖြစ်ရတာဟု
စိတ်မကောင်းစွာဖြင့်စိတ်ထဲမှတိုးတိုးလေး
ကျေးဇူးတင်နေမိသည်။''အနွံ_အနားယူတော့မယ် ဒယ်ဒီ Gnပါ"
အစ်ကိုကွန်း ဖုန်းချသွားပြီးတာနဲ့
အခန်းဆီခြေလှမ်းတွေသွက်လက်စွာဖြင့်
တက်လာခဲ့ပြီးမွေ့ရာကျယ်ကြီးပေါ်
ပစ်စလက်ခတ်လှဲပစ်လိုက်သည်။
အခု အနွံ_စိတ်ထဲမှာကြည်နူးနေတယ်
ဦးခြားသူမအပေါ်ဂရုစိုက်မယ်လို့လည်း
ထင်မထားခဲ့ပေ။ဘာလို့ဦးခြားရဲ့
ဂရုစိုက်မှုတွေကြားသူမအရမ်းကျေနပ်
နေမိတာလဲ နားမလည်တော့ဘူး။မဟုတ်မှလွဲရော သူမ????
ဟာ....ငါဘာတွေတွေးနေတာလဲ????
ခေါင်းကိုချာခနဲနေအောင်ရမ်းရင်း
ရေမြန်မြန်ချိုးပြီးအဝတ်အစားလဲကာ
အံဆွဲထဲမှဆေးကတ်အားယူ၍ဦးခြား၏
အခန်းဆီကိုထွက်လာခဲ့သည်။''ဒေါက်~~ဒေါက်''
''ဦးခြား~~အနွံပါ"
တံခါးခေါက်သံကြောင့်အိပ်ရာပေါ်အသာ
လှဲ၍နေသည့်ခြား_မျက်လုံးတွေ
ပွင့်လာခဲ့သည်။သူမကဘာလာလုပ်တာလဲ
ညဥ့်နက်နေပြီကို~~~ တွေးရင်းနဲ့
အားယူထလိုက်ပြီးတံခါးဆီကိုလာခဲ့သည်။''ကျွီ''
''မင်းဘာလာလုပ်တာလဲ အနွံတာကူး"
တံခါးဖွင့်သံနှင့်အတူ အေးစက်ပြတ်သားတဲ့
စကားသံထွက်ပေါ်လာသဖြင့်နှုတ်ခမ်းကို
မဲ့မိပြန်တယ်။နေမကောင်းတာတောင်
အသံကိုမလျော့သေးဘူး~~~ဟွန်းးးး''အနွံကိုလိုက်ရှာရလို့ ဦးခြားအအေးမိ
သွားတာလို့အစ်ကိုကွန်းကပြောလို့
ဆေးလာပေးတာပါ"''မလိုဘူး...."
ခြား_ပြောပြီးပြီးချင်းအခန်းတံခါးကို
အတင်းဆွဲပိတ်ဖို့လုပ်ပေမယ့်သူမလက်တွေက
တံခါးပေါ်ရောက်လာပြီးအထဲကိုဝင်လာကာ
ခြားရဲ့နဖူးကိုခြေဖျားလေးထောက်လျက်
လာစမ်းသဖြင့်နောက်ကိုုဆုပ်မိလိုက်သည်။
ВЫ ЧИТАЕТЕ
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Любовные романы"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...