🌺ဦး မချစ်ခဲ့သော်🌺/Part- 30/
***********💔**********''ဟင်~~ဦးခြား''
အပေါ်ပိုင်းဗလာနဲ့သဘက်တစ်ထည်သာ
ပတ်ထားသည့်ဦးခြား ရဲ့ပုံစံကြောင့်
အနွံ_ချက်ချင်းပင်မျက်လုံးကိုစုံမှိတ်၍
တခြားဘက်ကိုလှည့်လိုက်ရသည်။
မျက်လုံးတွေကိုစုံမှိတ်ထားသော်ငြားလည်း
မျက်လုံးထဲပြန်မြင်ယောင်မိနေပါသော
မြင်ကွင်းတစ်ချို့ကြောင့် ဟင်းခနဲ
သက်ပြင်းချရင်း''ဒိုရာ ဦးခြားဆီရောက်နေတာလား''
မသိမသာတုန်ရီနေသောသူမအသံလေး။
ဦးခြားကိုဒီလိုပုံစံနဲ့မြင်တာ နှစ်ခါတိတိ
ရှိနေပြီ မြင်ရတိုင်းလည်းရင်ထဲမှာ
တလှပ်လှပ်နဲ့အခံရခက်တဲ့ခံစားချက်
တစ်ခုမဟုတ်တစ်ခုအမြဲဝင်ရောက်လာစမြဲ။
ဘာပဲပြောပြော ဦးခြား ဆိုသည့်သူဟာ
အနွံ_အမြဲစိတ်ဝင်တစားနဲ့စောင့်ကြည့်နေရတဲ့
မှော်ဖဲချပ်လေးတစ်ခုလိုပဲ။စွမ်းအားတွေနဲ့နံပါတ်တွေအမျိုးမျိုး
ပြောင်းနေပေမယ့်ဖဲချပ်လှန်လိုက်တိုင်း
အံ့သြမှင်သက်ရပြီးမတူညီသောရလဒ်လေးတွေ
ပေးတတ်သည်။တစ်ခါတလေ~~~~
စိတ်ပျက်ချင်စရာကောင်းပေမယ့်
သူမမှာ စိတ်ပျက်ဖို့အခွင့်အရေးလေးတောင်
မရခဲ့သလိုပါပဲ။ထပ်ခါတလဲလဲငေးကြည့်ပြီး
ကြည်နူးပျော်ရွှင်ရသလိုဝမ်းနည်းငိုကြွေးတာလည်း
ရှိခဲ့ဖူးသည်မဟုတ်ပါလားကွယ်။''မင်းခွေးကငါ့အခန်းထဲဝင်မွှေသွားတယ်!!
သူ့ကိုသေချာထိန်းပြီးငါ့ကိုလာမရှုပ်စေနဲ့
မင်းကိုပြောထားတာ မေ့သွားတာလား ဟမ်''သူ့ကိုကျောပေး၍နေသောသူမအား
ဒေါသထွက်စွာဖြင့်ပြောရင်းအခန်းထဲက
အခုတထိမထွက်သေးပဲပတ်ပြေးနေသည့်
ခွေးစုတ်ကြောင့်ခြား_မျက်နှာဟာ
အမဲရောင်မိုးတိမ်တွေထက်ပင်ညိုမှိုင်း၍
မှုန်ကုတ်နေလေသည်။တင်းမာခက်ထန်နေသောမျက်နှာနှင့်အတူ
နဖူးအလယ်မှာစုကျုံနေတဲ့မျက်ခုံးထူ
နှစ်ဖက်ကြောင့်းစိတ်အလိုမကျတာကို
အထင်းသားမြင်တွေ့နေရ၏။
မနက်စောစောစီးစီး~~ပြသနာဖြစ်အောင်
လာလုပ်တဲ့ ~~~ခွေးကြောင့်ရော
ခွေးပိုင်ရှင်ကြောင့်ရော ဒေါသတွေက
ချုပ်တည်းလို့ပင်မရတော့ပေ။
ŞİMDİ OKUDUĞUN
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Romantizm"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...