Part - 47

3K 53 1
                                    

🌺ဦး မချစ်ခဲ့သော်🌺 /Part- 47/
**********💔**********

တိုက်ခတ်လာသော ​လေနုအေးအေးကြောင့်
သောင်ပြင်ပေါ်ကကောင်မလေး၏
ဆံနွယ်စလေးတွေက လွင့်မျောနေပြီး
ဝတ်ထားသည့်အပေါ်ထပ် အကျီပါးလေးကလည်း
လွင့်နေလေသည်။ရေတွေကမ်းပေါ်တက်လိုက်
ကျလိုက်နဲ့မို့လှိုင်းလုံးလေးတွေ ပြေးလွှားနေကာ
ရေပြာပြာ မိုးပြာပြာနဲ့ရှုခင်းကလှပနေတယ်။

တရိပ်ရိပ်တက်လာနေတဲ့ကမ်းလုံးတွေကို
မှင်သေသေလေးငေးကြည့်၍ ပင့်သက်ရိုင်းတွေ
မှုတ်ထုတ်နေသော အနွံ။ညနေစောင်းက
မြင်တွေ့ခဲ့ရသည့်မြင်ကွင်းက ရင်ကိုပူလောင်
မွန်းကြပ်စေကာ နှလုံးသားကလည်းပြင်းရှပြီး
စူးနင့်သောဝေဒနါဆိုးကို ခံစားရသည်။
မပြယ်ပျောက်တော့သည့်ထိုမြင်ကွင်းတွေက
သူမကို အချိန်ပြည့်နှိပ်စက်နေတော့သည်။

''ဟူး~~အနွံ_ဘာလို့များခင်ဗျားဆီကအချစ်ကို
မျှော်လင့်တမ်းတနေမိသေးတာလဲ"

သက်ပြင်းတွေမနားတမ်းချရင်း ရေပြင်ကိုသာ
ငေးကြည့်နေတော့သည်။ဒီကမ်းစပ်ကို
လာတာကဖေဖေတို့အကြောင်းကိုသိတဲ့
လူတစ်ယောက်ရှိတယ်လို့ကိုကိုကပြောလို့
အနွံ_ရောက်လာခဲ့ခြင်းသာ။ရှုခင်းတွေက
လှပပြီးအေးချမ်းတိတ်ဆိတ်တဲ့ကမ်းစပ်က
စိတ်အေးချမ်းစေနိုင်ပေမယ့် သူမအတွက်တော့
မအေးချမ်းနိုင်ခဲ့ပေ။

ကိစ္စတွေကိုအမြန်ဆုံးလက်စသပ်ချင်နေပြီ။
အားလုံးကိုဖြေရှင်းပြီး အဝေးဆုံးကိုသာ
ပြေးထွက်ချင်တော့တယ်~~တစ်နေ့နေ့တော့
ခင်ဗျားရဲ့လွှမ်းမိုးမှုအောက်က အနွံ_ရုန်းထွက်
နိုင်မယ်လို့မျှော်လင့်မိပါတယ်ဗျာ။ကြာရင်
ခင်ဗျားစိတ်နဲ့အနွံ_ရူးတော့မယ်ဗျာ။

"ပူတူး……အေးနေပြီလေကွာ။ဘာလို့အပြင်မှာ
နေနေသေးတာလဲ အခန်းထဲပြန်ဝင်တော့
လေစိမ်းမိပြီး အဖျားဝင်သွားရင်ဘယ်လို
လုပ်မလဲ ကိုယ့်ကိုစိတ်ပူရအောင်
မလုပ်နဲ့နော် လိမ္မာပါတယ်"

စိတ်ပူမှာတမ်းနှင့်အတူ အနားကိုရောက်လာကာ
ကိုယ်ပေါ်ကိုလွှမ်းခြုံပေးလာသည့် ကိုကို့ရဲ့
အကျီလက်ရှည်လေးကို လက်ကလေးနဲ့
တင်းတင်းကိုင်ရင်း သူမကိုစိတ်ပူနေတဲ့
ကိုကို့မျက်နှာချောချောအားကြည့်၍

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Where stories live. Discover now