Part - 28

2.3K 47 0
                                    

🌺ဦး မချစ်ခဲ့သော်🌺/Part- 28/
***********💔**********

''ခြေထောက်ကိုထပ်ထိခိုက်မိပြန်ပြီလား!!ဟမ်"

ခေါင်းလေးငုံ့၍ခြေထောက်ကို
သေချာကြည့်နေတုန်း ကြားလိုက်ရတဲ့
အသံသြသြကြောင့်ခေါင်းလေးထောင်ပြီး
မော့ကြည့်လိုက်ချိန်တွင်တွေ့လိုက်ရသူက

''ဟင်~~ဦးခြား''

အနက်ရောင်ဘောင်းဘီအိတ်ကပ်ထဲ
လက်ထည့်၍ထူထဲသည့် မျက်ခုံးနှစ်ဖက်ကို
တွန့်ချုံ့ပြီးညှို့ငင်အားကောင်းသည့်
မျက်လုံးတွေနဲ့သူမအား စူးစိုက်
ကြည့်နေသောဦးခြား။

အံ့သြဆွံအခြင်းများစွာနဲ့အနီရောင်
နှုတ်ခမ်းပါးလေးဟာပွင့်အာလျက်ပေါ့။
ပြီးနောက်~~တင်းမာသယောင်ရှိနေတဲ့
ဦးခြား၏မျက်နှာချောချောကြောင့်စိတ်က
အလိုလိုဝမ်းနည်းလာပြီးထပ်မံကျလာသည့်
မျက်ရည်စက်တစ်ချို့နှင့်အတူဦးခြားကို
ငေးမောကြည့်နေမိသည်။

ဦးခြား ကဘာလို့ရောက်လာရတာလဲ??
သူမဆီ လာတာလား?ဒါမှမဟုတ်???

မသေချာမရေရာတဲ့မေးခွန်းတွေဖြင့်
မျက်ရည်စက်တွေကိုအသာဖိသုတ်ရင်း
ခေါင်းလေးပြန်ငုံ့ထားရင်းတိတ်တဆိတ်
ငိုရှိုက်နေမိသည်။ထိုအချိန်၌
သူမခြေထောက်ပေါ်ရောက်ရှိလာသည့်
သွေးကြောစိမ်းတွေထင်းနေတဲ့လက်ချောင်း
သွယ်သွယ်များကြောင့်မော့ကြည့်မိလိုက်ချိန်

''ခြေဆစ်လွဲသွားတာမဟုတ်ဘူးလား!!!
ဘာလို့မင်းကအရမ်းနမော်နမဲ့နိုင်ရတာလဲ
အနွံတာကူး။ဒီပုံစံနဲ့ငါကဘယ်လိုခေါ်သွား
ရမှာလဲ ဟမ်!!!''

ခက်ထန်စူးရှသည့်ဦးခြား၏စကားကြောင့်
မျက်ရည်တွေပြည့်ဝိုင်းနေသည့်မျက်လုံးအိမ်လေး
ဝိုင်းစက်လာပြီးအံ့သြစွာဖြင့်တွေတွေလေး
ဦးခြားကို ငေးကြည့်ရင်း

''ဦးခြား~~ဦးခြားကအနွံကိုလာခေါ်တာလား''

''လာခေါ်ချင်လွန်းလို့တော့ မဟုတ်ဘူး
လာမခေါ်လို့မဖြစ်တဲ့အခြေအနေကြောင့်!"

ကြားချင်သောစကားနဲ့ဆန့်ကျင်ဘက်
ဖြစ်နေသည့်ဦးခြား၏စကားတွေကြောင့်
အနွံ_ပိုပြီးဝမ်းနည်းလာမိသည်။
'လာမခေါ်လို့ မဖြစ်တဲ့အခြေအနေကြောင့်'
တဲ့လား ဦးခြားရယ်။အနွံ ရင်တွေနာလိုက်တာ

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Where stories live. Discover now