Bighit Entertainment
BTS ၏ SUGA အဖြစ် ပွဲဦးထွက်မည့် Min Yoongi ကတော့ J Hope မရောက်ခင် တလခွဲခန့်အလို နိုဝင်ဘာလ အစ ကတည်းကပင် Sinsa Station Exit 1 ကိုကြိုတင်ရောက်ရှိ နေခဲ့ခြင်း ဖြစ်ပါတယ်
Min Yoongi
" ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ဒီ Cheonggu အဆောက်အဦးနားက Yujeong စားသောက်ဆိုင်ရဲ့ မြေအောက်ခန်းမှာရှိတဲ့ အလေ့အကျင့် စတူဒီယိုတစ်ခုနားမှာ ထားခဲ့တာပေါ့ ....
ဒါနဲ့ကျွန်တော် လည်း Pdogg ထွက်လာပြီး အထဲကို ခေါ်သွားတဲ့အထိ အဲဒီမှာ ရပ်နေလိုက်တယ်။ "နောက်ပိုင်းမှာကျွန်တော့် မိဘတွေက "အဲ့အချိန်တုန်းက တစ်နေရာရာကို ဆွဲခေါ်ခံသွားရသလို ပုံစံနဲ့လို့ ပြောပြခဲ့ပါတယ်။" (ရယ်လျက်)။
အဲ့ဒီ့အချိန်တုန်းက SUGA ရဲ့အသက်က 17နှစ်ပဲ ရှိပါသေးတယ်
ဂီတနဲ့ အသက်မွေးဝမ်းကြောင်းပြုဖို့
မွေးရပ်မြေ Daegu ကိုစွန့်ခွာပြီး Seoul ကို တက်လာဖို့ ဆိုတာ သူ့အတွက် အရမ်းငယ်လွန်းသေးတဲ့ အရွယ်ပါ။ ဒါပေမယ့်လည်း Korea မှာ ပင်မဂီတအနုပညာရှင် ဖြစ်လာဖို့အတွက်က Seoul မှာမှ မဟုတ်ရင် ခက်ခဲခဲ့ပါတယ်။Min Yoongi
"ကျွန်တော် Daegu ရဲ့ dance crew မှာနေပြီး ကျွန်တော်အလုပ်လုပ်တဲ့ စတူဒီယိုတစ်ခုရှိပါတယ်။ ဒါပေမယ့် ရတဲ့ပမာဏ က အရမ်းနည်းပါတယ်။ အခါအားလျော်စွာ ပွဲလမ်းသဘင်များ ရှိနိုင်လား ဆိုတဲ့ပေါ်မူတည်ပြီး တစ်ခါတရံမှာ ကျွန်တော်တို့ရဲ့ ဖျော်ဖြေပွဲအတွက် လက်မှတ်တွေကို ပိုက်ဆံမရဘဲ လုပ်ပေးခဲ့ရတာပါ။
သေချာပေါက် ပိုက်ဆံအတွက် လုပ်တာမဟုတ်ပေမယ့် အနည်းဆုံး အစားအစာဝယ်ဖို့ လုံလောက်တဲ့ အခကြေးငွေတော့ ရသင့်တယ်လို့ တွေးမိသလို အကြိမ်များစွာလည်း အဲဒီလောက်တောင် မရခဲ့ဘူးလို့ တွေးလို့ရပါတယ်။"
YOU ARE READING
BEYOND THE STORY
Non-Fictionကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...