Chapter 7 ( BTS Universe)

8 1 0
                                    

BTS Universe

ကမ္ဘာလုံးဆိုင်ရာ BTS လူသိများမှုက 2020 နှင့် 2021 နွေရာသီလွန်ကာလ ကပ်ရောဂါဖြစ်ပွားစဉ်အတွင်း ပေါ်ပေါက်လာခဲ့ပါတယ်။စက်တင်ဘာလ 20 ရက်၊ 2021 ခုနှစ်မှာ BTS က United Nations  for the SDG Moment event အတွက် လူငယ်များနှင့် အနာဂတ်မျိုးဆက်များအတွက် ဟောပြောခဲ့ပြီး ရက်အနည်းငယ်အကြာ စက်တင်ဘာ 24 ရက်နေ့တွင်တော့ "My Universe,"  သီချင်းဖြစ်တဲ့ Coldplay နဲ့ ၎င်းတို့ရဲ့ Collab သီချင်းကို ထုတ်‌ဝေခဲ့ပါတယ်။ ဒီသီချင်းကလည်း Billboard Hot 100 တွင် နံပါတ်တစ်သို့ ရောက်သွားခဲ့ပါတယ်။ BTS က Coldplay ကဲ့သို့ ထင်ရှားတဲ့ အနုပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်နိုင်သည့် အနုပညာရှင်များဖြစ်လာရုံသာမက ကိုရီးယားသမ္မတ၏ အနာဂတ်မျိုးဆက်များနှင့် ယဉ်ကျေးမှုဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခံရသည့် အဆင့်အတန်းမှာ ရှိခဲ့ပါတယ်။ UN မှာလည်း နေရာတိုင်းမှာ လူငယ်တွေအတွက် မျှော်လင့်ချက်နဲ့ အမြင်ကို တင်ပြနိုင်တယ်ဆိုတဲ့အကြောင်း ပြောခဲ့ပါသေးတယ်။

BTSက အခြားအရည်အချင်းသတ်မှတ်ချက်များကို ခွဲခြားသတ်မှတ်ရန် မလိုအပ်တော့ဘဲ ၎င်းတို့ရဲ့ အမည် စာလုံးသုံးလုံး၏ အဆက်အစပ်က ယခုအခါ လုံလောက်နေပြီဖြစ်ပါတယ်။ V Live (ယခု Weverse Live) မှာ သူတို့ရဲ့ အသေးငယ်ဆုံးသော မှတ်ချက်က ကိုရီးယားစာနယ်ဇင်းများနှင့် နိုင်ငံရပ်ခြားရှိ သတင်းဌာနများအထိ တုန်လှုပ်ချောက်ချားသွားစေလောက်အောင် ဖြစ်နိုင်သွားပါပြီ။

ကုလသမဂ္ဂ အခမ်းအနားနဲ့ Coldplay နှင့် ပူးပေါင်းဆောင်ရွက်ခြင်းက သူတို့ရဲ့အလုပ်အပေါ် လူအများရဲ့တုံ့ပြန်မှုကိုကျော်လွန်ပြီး အဓိပ္ပါယ်ရှိသောဖြစ်ရပ်များဖြစ်လာပါတယ်။ အဆိုပါအရာနှစ်ခုက ကပ်ရောဂါဖြစ်ပွားပြီးနောက် အနုပညာရှင်များအဖြစ် ကြီးထွားလာပြီး သူတို့လုပ်ဆောင်နေတဲ့အလုပ်မှာလည်း အဓိပ္ပါယ်ကိုရှာဖွေနိုင်စေခဲ့ပါတယ်။

RM
"Chris Martin ဟာ ကျွန်တော်တွေ့ဖူးသမျှ အရိုးသားဆုံး နိုင်ငံရပ်ခြား အနုပညာရှင်တွေထဲက တစ်ယောက်ပါ။"

BEYOND THE STORYWhere stories live. Discover now