ON, and ...
MAP OF THE SOUL: 7 ရဲ့ ခေါင်းစဉ်သီချင်း "ON" က အဖွဲ့ဝင်အားလုံးရဲ့ဘဝကို တစ်ခုတည်းသောသဘောထားအဖြစ် အာရုံစိုက် ဖော်ပြနေပုံရပါတယ်။ အဖွဲ့ဝင်များက သူတို့ရဲ့ တစ်ဦးချင်း အတွေးအမြင်၊ အနုပညာလမ်းကြောင်းများနဲ့ သူတို့ရဲ့ဘဝနှင့် ပတ်သက်တဲ့ ပြဿနာအတွက် ဖြေရှင်းနည်းများကို သီချင်းတစ်ပုဒ်တည်းမှာ ပေါင်းထည့်ထားတယ်ဆိုရင် ဒီသီချင်းပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် "ON" မှာ သူတို့က အရာခပ်သိမ်းကို ပခုံးပေါ်ထမ်းတင်ကာ ရှေ့သို့ ဆက်လက်ချီတက်နိုင်ဆဲ ဆျုတဲ့သဘောကို ပြထားပါတယ်။
J hope
"ဒီသီချင်းက အခြေခံအားဖြင့်တော့ "ဆင်းရဲဒုက္ခအားလုံးကို ပေးတော်မူပါ အားလုံးကို ခံနိုင်ရည်ရှိပါမယ်!" ဆိုတာမျိုးပေါ့ ဒါပေမယ့် မေးခွန်းထုတ်ရတဲ့ ဝေဒနာက နည်းနည်းတော့ ခက်နိုင်ပါတယ် (ရယ်လျက်)။j-hope က ရယ်နေပေမယ့် ဒါဟာ BTS အဖွဲ့ဝင် ခုနစ်ယောက်ရဲ့ ဘဝနေထိုင်မှုပုံစံက အမှန်ပါပဲ။
အယ်လ်ဘမ်ကို ပြန်ပြောပြတဲ့ ရှုထောင့်ကနေ ချဉ်းကပ်ရရင် ဒီသီချင်းက သူတို့ရဲ့ အားလုံးကို ကြောက်ရွံ့ခြင်းကနေ ကင်းပြီး ထာဝရသူရဲကောင်းဖြစ်ဖို့ကတိပေးထားသလိုပါပဲ။Where my pain lies Let me take a breath
သီချင်းစာသားဆိုလိုရင်းက သူတို့ရဲ့ ပစ္စုပ္ပန်အကြောင်း ပိုကောင်းသည်ဖြစ်စေ ပိုဆိုးသည်ဖြစ်စေ သူတို့ဘဝရဲ့ အလေးချိန်ကို ပခုံးပေါ်တင်ပြီး ဆက်လျှောက်ရမှာပေါ့။
ဒါဟာ BTS အတွက် အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုပါပဲ။ MAP OF THE SOUL: 7 အယ်လ်ဘမ်နဲ့ အထူးသဖြင့် ခေါင်းစဉ်သီချင်း "ON" ဟာ BTS အတွက် ဒဏ္ဍာရီဆန်ဆန် စူးစမ်းရှာဖွေမှုဇာတ်ကြောင်းအချို့ရဲ့ သူရဲကောင်းများမဟုတ်သော်လည်း သူတို့တွေ့နေရသော လက်ရှိအခြေအနေများကို ဆွေးနွေးနိုင်တဲ့အရာဖြစ်လာပါတယ်။
YOU ARE READING
BEYOND THE STORY
Non-Fictionကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...