American Hustle Life
လွန်ခဲ့သော 2နှစ်, 2012 နွေရာသီတစ်ခုကို ပြန်သွားကြည့်ရအောင်။ Jungkook အက လေ့လာဖို့ US ကို တလလောက် သွားရတဲ့ အချိန်ကပေါ့။ BTS debut မတိုင်ခင် တစ်နှစ်အလို Jungkook သင်တန်းသားဘဝကိုပေါ့။
Jungkook
"ပထမဆုံး ထရိန်နင်ဖြစ်တုန်းက ရည်ရွယ်ချက် ခိုင်မာတဲ့စိတ်မရှိတာမျိုး ဖြစ်ကောင်းဖြစ်နိုင်လို့ ကုမ္ပဏီက ကျွန်တော့်ရဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာကို မဖော်ပြဘူးလို့ ပြောပါတယ်။
လုပ်ခိုင်းသမျှကို ကျွန်တော်လုပ်ခဲ့ပြီး ကျွန်တော့်မှာ အရည်အချင်းတွေရှိကြောင်းသက်သေပြနိုင်ပေမယ့် ထုတ်မပြတဲ့အရာတစ်ခုရှိတယ်။
ကျွန်တော့်ကိုယ်ရည်ကိုယ်သွေးကြောင့် စိတ်ခံစားချက်တွေကို ကောင်းကောင်းမဖော်ပြနိုင်ဘူးလို့ ထင်ပါတယ်။
ကျွန်တော်ထင်တာကတော့ သူတို့က ကျွန်တော် အဲဒီကိုသွားပြီးတော့ အရာရာကို ကိုယ်တိုင်ခံစား တွေ့ကြုံစေဖို့ ပို့ပေးလိုက်တာပါ။"နိုင်ငံရပ်ခြား လေ့လာရေး ခရီးစဉ်က အောင်မြင်ခဲ့ပါတယ်။
Jung Kook ကအဲ့ဒီ့အချိန်က အလယ်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး အနုပညာရှင်တစ်ဦးဖြစ်ရခြင်းရဲ့ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း မသိရှိသေးခဲ့သော်လည်း ဒီခရီးစဉ်က သူ့ကိုပြောင်းလဲသွားစေခဲ့ပါတယ်။
YOU ARE READING
BEYOND THE STORY
Non-Fictionကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...