Sophomore Jinx
"RUN" သီချင်းရဲ့ သံပြိုင်ဆိုတဲ့နေရာမှာ အဓိကအကျဆုံးအချက်က အတိုချုံးကို ထပ်ခါထပ်ခါဆိုရတဲ့ တေးသွားနှစ်ပုဒ်ပါရှိတာပါ- "Let's Run Run Run again. I can't stop running" နဲ့ "Only thing I can do is run" ဖြစ်ပါတယ်။ဒါက The Most Beautiful Moment In Life PT.1 ရဲ့ ရှုပ်ထွေးတဲ့ သံပြိုင် နဲ့ နှိုင်းယှဉ်ရင် နားထောင်ရသူ တွေအတွက် ရိုးရှင်း နိုင်ပါတယ် ။ ဒါပေမယ့်လည်း "RUN" အတွက် သံပြိုင်ရေးခဲ့တဲ့ topliner Bang Si-Hyuk အတွက်တော့ ဒီသီချင်းက မယုံနိုင်လောက်အောင် အရေးကြီးပြီး လှည့်စားမှု့ထဲက အနိုင်ရနိုင်တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီတေးသွားက BTS ရဲ့ The Most Beautiful Moment In Life PT.1 တွင်ရှိနေမယ့် ဒါမှမဟုတ် ပိုမိုကြီးမားတဲ့အနာဂတ်ဆီသို့ ဦးတည်ချက်ကို ဆုံးဖြတ်ပေးမယ့်အချက်ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။
ဒါကြောင့် The Most Beautiful Moment In Life PT1 က BTS ရဲ့ sophomore အယ်လ်ဘမ်ဖြစ်လာတာပါ။ ပွဲဦးထွက်အယ်လ်ဘမ်ကို ကောင်းမွန်စွာလက်ခံရရှိခဲ့တဲ့ အနုပညာရှင်များ အနေနဲ့ သူတို့ရဲ့ နောက်ဆက်တွဲအပေါ်မှာ အလားတူတုံ့ပြန်မှုကို မရရှိနိုင်ပါဘူး။ အကောင်းဆုံးကတော့ ယခင်အလုပ်မှာ အောင်မြင်ခဲ့တဲ့အချက်တွေကို ပုံစံအသစ်နဲ့ ပေါင်းစပ်ထည့်သွင်းသွားရမှာဖြစ်ပါတယ်။ ဒါက လွယ်တယ်ဆိုရင် BTS နဲ့မတွဲခင် အကြိမ်ရေ မရေမတွက်နိုင်တဲ့ အစီအစဥ်တွေကို ဖြတ်ကျော်လာခဲ့တဲ့ Bang Si-Hyuk ဟာ ဒီသီချင်းအတိုလေးအတွက် နှစ်လထက်ပိုပြီး ပြင်ဆင်နေမှာ မဟုတ်ပါဘူး။
အဓိကကတော့ BTS ရဲ့ ဒုတိယအယ်လ်ဘမ်ပါ။ ပွဲဦးထွက်အယ်လ်ဘမ်ကို ကောင်းမွန်စွာလက်ခံရရှိခဲ့တဲ့ အနုပညာရှင်များအနေနဲ့ သူတို့ရဲ့ နောက်ဆက်တွဲမှာ အလားတူတုံ့ပြန်မှုကို မရရှိနိုင်ပါဘူး။ အကောင်းဆုံးကတော့ အရင်အလုပ်မှာ အောင်မြင်ခဲ့တဲ့အချက်တွေကို ပုံစံအသစ်နဲ့ ပေါင်းစပ်ထည့်သွင်းသွားရမှာဖြစ်ပါတယ်။ဒါပေမယ့် ဒါက လွယ်တယ်ဆိုရင် BTS နဲ့မတွဲခင် မရေမတွက်နိုင်တဲ့ အစီအစဥ်တွေကို ဖြတ်ကျော်ခဲ့ရတဲ့ Bang Si-Hyuk အနေနဲ့ ဒီသီချင်းအတိုလေးအတွက် နှစ်လထက်ပိုပြီး အချိန်ကုန်ခံနေမှာ မဟုတ်ပါဘူး။
"I NEED U" နဲ့ ဆင်တူတဲ့ အခြားသီချင်းတစ်ပုဒ်ကလည်း ဆီလျော်တဲ့ တုံ့ပြန်မှုတစ်ခု ရရှိမှာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခေါင်းစဉ်သီချင်းတစ်ခုအနေနဲ့ "I NEED U" က ထိုအချိန်ကတည်းကပင် BTS ရဲ့ discography တွင် ပေါ်လွင်နေပြီး ဒီပုံစံကို ထပ်ခါတလဲလဲပြန်လုပ်ခြင်းနဲ့ သူတို့ရဲ့ အမှတ်အသားဖြစ်တဲ့ dynamic energy ကို ဖမ်းယူဖို့ ခက်ခဲသွားမှာ ဖြစ်ပါတယ်။
အခြားတစ်ဖက်မှာလည်း PT.1 ရဲ့ "Dope" ဟာ "I Need You" သီချင်းလို နက်နဲ မှောင်မိုက်ပြီး ဝမ်းနည်းစရာ ခံစားချက်တွေ မပါဝင်ဘဲ ကင်းမဲ့နေခဲ့ပါတယ်။ ဘယ်လိုပင်ဖြစ်စေ BTS ဟာ သူတို့ရဲ့ လုပ်နိုင်စွမ်း ကန့်သတ်ချက်ကို ကျော်လွန်အောင် စွန့်စားခဲ့ပြီး The Most Beautiful Moment In Life PT.1 ကို အလွယ်တကူ အဆုံးသတ်သွားနိုင်ခဲ့ပါတယ်။
YOU ARE READING
BEYOND THE STORY
Non-Fictionကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...