Chapter 6 ( I'm Listening to You )

3 2 0
                                    

I’m Listening to You

Boy Band Fandom ရဲ့သမိုင်းက အနောက်တိုင်းမှာ စတင်ခဲ့ပါတယ်။ သို့သော် နိုင်ငံနယ်နမိတ်ကို ကျော်လွန်ကာ အာရှ၊ မြောက်အမေရိကနဲ့ ဥရောပတို့မှာ ဖျော်ဖြေပွဲများ ကျင်းပနိုင်တဲ့ လူကြိုက်များသည့် BTS တီးဝိုင်းများကတော့ အလွန်နည်းပါးပါသေးတယ်။ တူညီတဲ့ official light sticks များကိုကိုင်ဆောင်ကာ တစ်ခုတည်းသော moniker လို့ခေါ်တဲ့ ကြီးမားကျယ်ပြန့်တဲ့ fandom များရှိတဲ့ တီးဝိုင်းများကို မပြောလိုပါဘူး။
အနောက်တိုင်းမီဒီယာများက ARMY ကို Beatlemania၊ Beatlesရဲ့ အမာခံပရိသတ်များနဲ့ နှိုင်းယှဉ်လာကြပါတယ်။ ARMY တွေကလည်း အလွန်စိတ်လှုပ်ရှားစရာပါပဲ။ တူညီသောနှိုင်းယှဉ်မှုတစ်ခုရရှိဖို့ အနောက်တိုင်းသတင်းထောက်များက Beatles ဆီကို တောက်လျှောက်သွားခဲ့ရပါတယ်။ BTS က SNL အဆင့်သို့ရောက်ရန် ခြောက်နှစ်နီးပါး အချိန်ယူခဲ့ရပြီး ရောင်းအားရော လူကြိုက်များမှုမှာပါ ခြောက်နှစ်ခန့်အတွင်း မကြုံစဖူး တိုးလာခဲ့ပါပြီ။
သူတို့က SNL စင်မြင့်ပေါ်မှာ ကိုရီးယားဘာသာစကားဖြင့် သီချင်းဆိုနေတဲ့ ကိုရီးယားအနုပညာရှင်များဖြစ်ကြပြီး American ARMY များက အော်ဟစ်အားပေးခဲ့ကြပါတယ်။ ဒါတွေအားလုံးဟာ တကယ့်ကို မကြုံစဖူးပါပဲ။
BTS ရဲ့ လူကြိုက်များမှုကို တစ်ချက်တည်းနဲ့ လျှော့လို့မရပါဘူး။ ပရိတ်သတ်တစ်ဦးက ပထမပိုင်းမှာ သူတို့ရဲ့အသွင်အပြင်ကြောင့်၊ နောက်တစ်ဦးက သူတို့ရဲ့ ဖျော်ဖြေမှုများကြောင့် ဆွဲဆောင်ခံရနိုင်ပြီး၊ နောက်တစ်ဦးမှာ ARMY မှ ဖန်တီးထားသည့် အပျော်သဘောဗီဒီယိုကို ကြည့်မိသွားခြင်း တို့ကြောင့်ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် သူတို့ရဲ့ ကျော်ကြားမှုက ဘယ်ကလာသလဲဆိုတဲ့ မေးခွန်းတွေထက် ARMY ကပေးတဲ့ အဖြေတွေကို ကြည့်ဖို့ အရေးကြီးပါတယ်။ ဥပမာအားဖြင့် 2018 ခုနှစ် စက်တင်ဘာလမှာ ပြုလုပ်မယ့် Generation Unlimited campaign event မှာ BTS ဟာ UN အထွေထွေညီလာခံတွင် မိန့်ခွန်းပြောခဲ့ပြီး လူငယ်များအား "Speak Yourself" ဟု တိုက်တွန်းနေချိန်တွင် ဆိုရှယ်မီဒီယာတွင်လည်း ARMY မှ သူတို့ကိုယ်သူတို့ ရှာဖွေခြင်းနဲ့ တည်ဆောက်ခြင်းဆိုင်ရာ ကိုယ့်ကိုကိုယ်တန်ဖိုးထားမှု့ ပုံစံများအကြောင်း ပြောဆိုခြင်းတို့နဲ့ လွှမ်းခြုံထားနိုင်ခဲ့ပါတယ်။

BEYOND THE STORYWhere stories live. Discover now