200%
"Come Here" နှင့် MAMA အကြား BTS ၏ ဖျော်ဖြေတင်ဆက်မှု မရောက်ခင် နာရီပိုင်းအတွင်းမှာ BTS အဖွဲ့ဝင်များနှင့် Big Hit Entertainment မှ လူတိုင်းက တညီတညွတ်တည်း တောင့်ခံထားရုံမျှသာတတ်နိုင်ပါတယ်။
RM က MAMA ဖျော်ဖြေပွဲကျင်းပမည့် ဟောင်ကောင်တွင်ရှိနေပြီး၊ "Come Here" သီချင်းထွက်ရှိသည်ကို ကြားသောအခါ တုံ့ပြန်ဖို့ စဉ်းစားရန် သူ့မှာ အချိန်သိပ်မရှိခဲ့ပါဘူး။RM
"စင်ပေါ်မှာ Bobby ကို mentionရမလား မလုပ်ရဘူးလား ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဆက်တွေးနေခဲ့တာ။ ဟိုတယ်မှာ မအိပ်နိုင်ဘဲ 'ငါလား? ငါမဟုတ်ဘူးလား? ငါလား? မဟုတ်ဘူးလား?' ပဲ တွေးနေမိတာကျွန်တော့်စိတ်တွေ ရှုပ်သွားတဲ့အထိပဲ။"အကယ်လို့ RM သာ MAMA တွင် Bobby အား တုံ့ပြန်မှုမပြုခဲ့ဘူးဆိုရင် ဒါဟာ diss ခံရအပြီးတွင် သူ့ရဲ့ ပထမဆုံးဖျော်ဖြေမှုဖြစ်မည်ဆိုပါက၊ နောက်ပိုင်းတုံ့ပြန်မှုများက သက်ရောက်မှုအားလုံး ကင်းမဲ့သွားမှာပါ။
ဒါပေမယ့် RM က Block B မှ ZICO နှင့် ပူးပေါင်းဖျော်ဖြေပွဲအတွက် ပြင်ဆင်ထားတဲ့ ရက်ပ်များကြားမှာ diss ကို တုံ့ပြန်သည့် lyric အသစ်များကို ရေးဖို့ တစ်ရက်ထက် အချိန်ပိုမယူခဲ့ပဲ ပြင်ဆင်ခဲ့ပါတယ်။
ထိုအတောအတွင်းတော့ Big Hit Entertainment မှ ဝန်ထမ်းတွေက ကိုရီးယားနဲ့ ဟောင်ကောင်ကြားမှာ အဆက်မပြတ်ဆက်သွယ်ပြောဆိုကာ RM မှ Bobby အပေါ် တုံ့ပြန်မှုနှင့် ထိုကဲ့သို့သောကိစ္စရပ်များအတွက် ဖြစ်နိုင်ချေရှိသော တုံ့ပြန်ဆောင်ရွက်မှုများမှ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာအားလုံးကို ထည့်သွင်းစဉ်းစားခဲ့ပါတယ်။
ရက်ပ်ကို ရက်ပ်ဖြင့် တုံ့ပြန်တာက RM အတွက် မှန်ကန်ပါတယ်။ သူ့အနေနဲ့ ယခုအချိန်အထိ ၃ ကြိမ်တိုင်တိုင် diss ခံခဲ့ရပြီး အထူးသဖြင့် သူ့ရဲ့ပရိသတ်များကို ထည့်သွင်းစဉ်းစားပြီး မေးခွန်းမထုတ်ဘဲ နှုတ်ဆိတ်နေခဲ့ခြင်းဖြစ်ပါတယ်။
YOU ARE READING
BEYOND THE STORY
Non-Fictionကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...