Chapter 7 ( Be Dynamite )

5 1 0
                                    

Be Dynamite

ကပ်ရောဂါကြောင့်သာမဟုတ်ရင် BTS က "Dynamite" ကို ဘယ်တော့မှ မသီဆိုဖြစ်ခဲ့တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ MAP OF THE SOUL: 7 ရဲ့ ခေါင်းစဉ်သီချင်း "ON" အတွက် တေးဂီတဗီဒီယို၏ နောက်ဆုံးမြင်ကွင်းက "NO MORE DREAM" ဟူသော စကားလုံးများနဲ့ "NO MORE" ဟူသော စကားလုံးများက ဖြည်းညှင်းစွာ ပျောက်ကွယ်သွားကာ "DREAM" တစ်လုံးသာကျန်ခဲ့ပါတယ်။ "Boy With Luv" နဲ့ "Boy In Luv" သို့မဟုတ် "ON" နဲ့ "N.O" သီချင်းတို့ ချိတ်ဆက်ထားသလို "DREAM" က ၎င်းတို့သီဆိုထားတဲ့ ခေါင်းစဉ်သီချင်းဖြစ်တဲ့ "No More Dream"  ရဲ့ အဖြေဖြစ်မယ်လို့ ယူဆရပါတယ်။

သူတို့ရဲ့ ပွဲဦးထွက်လူငယ်တွေက အချစ်ကို ရှာဖွေခဲ့ကြပြီး "NO!" လို့ အော်ဟစ်ခဲ့ကြပါတယ်။ အခြားသူများရဲ့အိပ်မက်များကို ရှင်သန်အောင်ကြိုးစားခဲ့တဲ့ ကမ္ဘာတစ်ခုဆီသို့ ယခုအခါ "ON" တေးဂီတဗီဒီယိုအဆုံးမှာ သူတို့ကိုယ်သူတို့တွေ့ခဲ့ရသလိုပဲ  မြေပြင်ကို မမြင်နိုင်လောက်အောင် မြင့်မားသော စူပါစတားအဆင့်သို့ ရောက်ရှိသွားခဲ့ပါပြီ။ အဲဒီအခိုက်အတန့်မှာပဲ BTS ဟာ သူတို့ရဲ့နာမည်ကို တည်ဆောက်ခဲ့တဲ့ နှစ်တွေရဲ့ အချိန်ကာလကို လွှမ်းခြုံထားတဲ့ သီချင်းကို သီဆိုဖို့ စီစဉ်နေခဲ့တာပါ။
ဒါပေမယ့် အဲ့ဒီ့အချိန်က ကမ္ဘာပေါ်ကလူတိုင်းအတွက် ဖြစ်သလို BTS ရဲ့သမိုင်းကလည်း မမျှော်လင့်ထားတဲ့ ဦးတည်ရာဆီသို့ ဦးတည်သွားခဲ့ပါတယ်။ အကယ်လို့ BE က ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအကြပ်အတည်းကာလအတွင်း ၎င်းတို့ရဲ့ ပြောင်းလဲသွားတဲ့အခြေအနေများနဲ့ ခံစားချက်များကိုမှတ်တမ်းတင်ထားမယ်ဆိုပါက "Dynamite" က ကပ်ရောဂါကာလအတွင်း သူတို့ပထမဆုံးတင်ပြတဲ့ အဓိကစိန်ခေါ်မှုဖြစ်လာပါတယ်။

ဒါက Bang Si-Hyuk ရဲ့ "ခံစားချက်" လို့ခေါ်တဲ့ အရာနဲ့ စတင်ခဲ့တာပါ။ Bang Si-Hyuk က ကပ်ရောဂါကြောင့် BTS အတွက် ပြောင်းလဲမယ့် အရာအားလုံးကို တွေးနေခဲ့ပြီး သူ့စိုးရိမ်မှု့ရဲ့ အဓိကအချက်က "jetlag" ဖြစ်ပါတယ်။
MAP OF THE SOUL: 7 အချိန်တုန်းက BTS ဟာ ကမ္ဘာတစ်ဝှမ်းရှိ အားကစားကွင်းများကို လှည့်လည် ဖျော်ဖြေတဲ့ တီးဝိုင်းတစ်ခု ဖြစ်လာခဲ့ပါပြီ။ ပွဲဦးထွက်ပြီး ခုနစ်နှစ်ကတည်းက သူတို့ဟာ သူတို့ရဲ့ အစွမ်းအစကို အထွတ်အထိပ်ရောက်ခဲ့ပြီး သူတို့ရဲ့ အနုပညာစွမ်းရည်တွေလည်း ရင့်ကျက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်ချိန်တည်းမှာပဲ BTS က နောက်ထပ်ခံစားမှုတစ်ခုကို ဖန်တီးနေခဲ့ပါတယ်။ မီဒီယာများက LOVE YOURSLEF နှင့် MAP OF THE SOUL ဇာတ်လမ်းတွဲများအတွက် ARMY ရဲ့ စိတ်အားထက်သန်စွာ တုံ့ပြန်မှုကို အာရုံစိုက်နေပြီး ဒါက ၎င်းတို့ရဲ့ SNL စွမ်းဆောင်ရည်ကဲ့သို့ US လူထုမီဒီယာမှာပါ မကြုံစဖူးသော ထိတွေ့မှုအဆင့်သို့ ဦးတည်သွားခဲ့ပြီး ယခုအခါ ကမ္ဘာတစ်ဝှမ်းရှိ လူများကပါ သတိထားမိလာတာကို ဆိုလိုပါတယ်။

YouTube အကြောင်းအရာများမှတဆင့် K-pop ကို လိုက်ကြည့်ဖူးသူများအနေနဲ့ BTS က စူပါစတားဖြစ်နေပါပြီ။ ဒါပေမယ့် SNL လိုမျိုး ရှိုးတွေကနေတဆင့် ရုပ်မြင်သံကြားမှာ မြင်ဖူးသူတွေ ဒါမှမဟုတ် လူထုသတင်းမီဒီယာဆောင်းပါးတွေမှာ ဖတ်ဖူးသူတွေအတွက်တော့ BTS ဟာ တောင်ကိုရီးယားကနေ ပေါက်ဖွားလာတဲ့ လုံးဝအသစ်အဆန်းတစ်ခုပါပဲ။

အကယ်လို့ ကပ်ရောဂါကြောင့်သာ မဟုတ်ပါက ဒီထိတွေ့မှုတွေမှာ  "jetlag" ကို လွယ်ကူစွာ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ အယ်လ်ဘမ်များ ထုတ်ခြင်းနဲ့ အားကစားကွင်း ဖျော်ဖြေပွဲများ ပြုလုပ်ခြင်းက အဆိုပါ ကြိုးစားအားထုတ်မှုရဲ့ အတိုင်းအတာနဲ့ အနုပညာအားဖြင့် ၎င်းတို့ရဲ့ ကျော်ကြားမှုကို သက်သေပြရန်အတွက် ဝေးကွာသွားမှာဖြစ်ပြီး ဖျော်ဖြေရေးမြို့တိုင်းရှိ ပရိသတ်များထံမှ ပေါက်ကွဲထွက်လာသည့် တုံ့ပြန်မှု့က BTS အဖွဲ့အမျိုးအစားကို ကမ္ဘာကို ပြသရန် အခွင့်အလမ်းများစွာ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ တကယ်လည်းဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ကပ်ရောဂါကြောင့် BTS က သူတို့ကို စောင့်နေကြတဲ့ ပရိသတ်တွေကို တွေ့ဖို့ အပြင်မထွက်နိုင်ဘဲ အဖွဲ့ရဲ့ ကျော်ကြားမှု၊ အရည်အချင်းနဲ့ သမိုင်းကြောင်းတွေကို ကမ္ဘာကို အသိပေးဖို့ အခွင့်အရေးတွေ ပျောက်ဆုံးသွားခဲ့ပါတယ်။ သူတို့က YouTube မှာ ဘယ်လိုပဲ လိုက်စုနေပါစေ၊ တိုက်ရိုက်တင်ဆက်မှုမရှိဘဲ ပိုမိုများပြားတဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်မှာမဟုတ်ပါဘူး။ အထူးသဖြင့် BTS လို ကမ္ဘာတစ်ဝှမ်းရှိ fandom ကြီးကြီးမားမားရှိထားပြီးဖြစ်တဲ့ အဖွဲ့အတွက် နောက်တစ်ဆင့်သို့တက်လှမ်းရန် နောက်ထပ်အရာများ လည်း လိုအပ်နေပါတယ်။
Bang Si-Hyuk က ဒီပြဿနာကို အရင်းခံကာ ဆုံးဖြတ်ချက် နှစ်ခု ချခဲ့ပါတယ်။ တစ်ခုက BE ထုတ်လုပ်သူရဲ့ အခန်းကဏ္ဍကို အနည်းငယ် နောက်ပြန်ဆုတ်ရန်နဲ့ BTS အဖွဲ့ဝင်များကို အယ်လ်ဘမ်ရဲ့ ဦးတည်ရာအတွက် ဆုံးဖြတ်ရာမှာ ပိုမိုတာဝန်ယူစေခဲ့ပါတယ်။ အလွန်အသေးစိတ်တဲ့ အစီအစဥ်ကို လိုက်နာမယ့်အစား အယ်လ်ဘမ်ထဲတွင် ကပ်ရောဂါကာတစ်လျှောက် အဖွဲ့ဝင်များ တွေ့ကြုံခံစားခဲ့ရတဲ့ ခံစားချက်များ ပါဝင်လာမှာဖြစ်ပါတယ်။
"Dynamite"ဟာ BTS ကို စတင်ရှာဖွေသူတိုင်းဆီ ရောက်ရှိနိုင်မယ့်အရာပါ။ BTS ဟာ အရင်ကထက် ကမ္ဘာတစ်ဝှမ်းက အာရုံစိုက်မှု ပိုရလာခဲ့တဲ့ အခိုက်အတန့်မှာ နေရာတိုင်းက လူတိုင်းနှစ်သက်မယ့် သီချင်းတစ်ပုဒ်ကို ပရိသတ်တွေဆီ ချပြပြီး ပရိသတ်အသစ်‌တွေဖြစ်လာဖို့ အခွင့်အရေးပေးခဲ့ပါတယ်။

..................

BEYOND THE STORYWhere stories live. Discover now