A Shout of Joy at One in the Morning
ဧပြီလ 29 ရက်၊ 2015 ခုနှစ် သန်းခေါင်ယံအချိန်မှာ "The Most Beautiful Moment In Life PT.1 ကို တေးဂီတတိုက်ရိုက်ထုတ်လွှင့်တဲ့ ပလက်ဖောင်းအားလုံးမှာ ထုတ်လွှင့်ခဲ့တယ်။ ထိုအချိန်က နာရီအလိုက် အချိန်နဲ့ တပြေးညီဇယားကို တွက်ချက်ခြင်းရဲ့ အကျိုးသက်ရောက်မှုကြောင့် Idol အဖွဲ့အများစုဟာ ညသန်းခေါင်အချိန်မှာ သူတို့ရဲ့ သီချင်းများကို ထုတ်လွှင့်ပြီး Fandom အနေနဲ့ chart ပေါ်က သီချင်း ဝင်ရောက်မှုအနေအထားကို တိုးမြှင့်ရန်အတွက် သီချင်းများကို အကြိမ်ကြိမ်နားဆင်ခဲ့ကြပါတယ်။
တစ်နာရီကြာပြီးနောက် နံနက်တစ်နာရီမှာ Big Hit Entertainment ရဲ့ ဒါရိုက်တာ Lenzo Yoon က ရလဒ်များကိုမြင်တဲ့ အခါ အံ့အားသင့်စွာပဲ အော်ပြောခဲ့တယ်။ Title သီချင်း "I NEED U" က ကိုရီးယားရဲ့ ဂီတထုတ်လွှင့်သည့် ပလက်ဖောင်းအကြီးဆုံးဖြစ်တဲ့ Melon တိုက်ရိုက်ဇယားမှာ နံပါတ် (၂) နေရာကို ဝင်ရောက်ခဲ့ပါတယ်။
အဖွဲ့ဝင်များကလည်း အလားတူ တုန်လှုပ်သွားကြပြီး j-hope က Melon chart ကို သူ ကိုယ်တိုင် မြင်ခဲ့တဲ့ အခိုက်အတန့်ကို ပြန်အမှတ်ရမိပါတယ်။
J hope
"လေ့ကျင့်မှု လုပ်နေရင်း တန်းလန်းနဲ့ပဲ ဇယားကို ကျွန်တော်တို့အားလုံး အတူတူကြည့်ဖူးမယ်ထင်ပါတယ်။ အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်။ ဂီတဇယားပေါ် [ ဒီလောက်မြင့်မားတဲ့ အနေအထားမှာ] တခါမှ မဝင်ခဲ့ဖူးဘူး ကျွန်တော်တို့ကို အားပေးတဲ့ လူတွေအများကြီးရှိနေတယ်လို့ ပထမဆုံးခံစားရတာဘဲ
ကျွန်တော်တို့ရဲ့ သီချင်းတွေနားထောင်တယ်' လို့ဆိုလိုက်တာနဲ့ စိတ်လှုပ်ရှားစရာကောင်း နေပါပြီ။ 'ဒါက ကျွန်တော်တို့ ဖန်တီးထားတဲ့ဂီတအတွက် လုပ်ထားတာပဲ' လို့လည်း တွေးမိတယ်။
YOU ARE READING
BEYOND THE STORY
Non-Fictionကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...