Chapter 5 (Real Love)

22 4 0
                                    

"REAL" LOVE

2018 ခုနှစ် ဧပြီလ 13 ရက်နေ့မှာ Jimin က vlog တစ်ခုကို ရိုက်ကူးခဲ့ပါတယ်။ တစ်နှစ်နီးပါးအကြာ ဖေဖော်ဝါရီ 26၊ 2019 မှာတော့ YouTube မှာ ထုတ်လွှင့်ခဲ့တဲ့အခါ ဗီဒီယိုမှာ Jimin က သူကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာအကြောင်းကို ဖွင့်ဟခဲ့ပါတယ်။ သူ့ရဲ့ "အိပ်မက်များနဲ့ ပျော်ရွှင်မှု" ကို စဉ်းစားလာခဲ့ပါတယ်။ 2018 ခုနှစ်အစပိုင်းမှာ လအနည်းငယ်စောပြီး သူသာမက အဖွဲ့ဝင်အားလုံးက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေခဲ့ပါတယ်လို့ အဲဒီအချိန်တုန်းက Jimin ကဝန်ခံတယ်။

"2017 ကနေ 2018 ခုနှစ်အထိ ကျွန်တော် ခဏတာ ခံစားခဲ့ပါတယ်ဒါပေမယ့် တခြားအဖွဲ့ဝင်တွေက အဲဒီတုန်းက သတိမထားမိကြဘူးထင်ပါတယ်
တစ်ခါက အကြောင်းပြချက်မရှိဘဲ မှောင်လာတယ်... နားနေခန်းထဲမှာ..သုံးစတုရန်းမီတာ အကျယ်ရှိတဲ့ အခန်းတစ်ခုရှိတယ်တစ်ခါတုန်းက ကျွန်တော်တစ်ယောက်တည်း ဝင်သွားပြီး ပြန်ထွက်လာဘူးကျွန်တော် ဘာတွေတွေးနေလဲသိဘူးဘာကြောင့်ဒီလိုဖြစ်နေတာလဲဆိုတာလည်းမသိဘူးဒါပေမယ့် ငရုတ်တရက် စိတ်ဓာတ်ကျနေတဲ့အချိန်ပေါ့။ ပြီးတော့ 'ငါ့ဘဝကို ငါဘာလို့ဒီလိုလိုင်းပေါ်တင်တာလဲ' လို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်လာခဲ့ပြီး အဲဒါက နည်းနည်းတော့ စိတ်အေးသွားတယ် ဒီအခန်းထဲမှာ ကိုယ့်စိတ်ကို သော့ခတ်ထားလိုက်လို့ ထင်တယ်။"

BEYOND THE STORYWhere stories live. Discover now