And the Edge
"A Typical Trainee's Christmas: Review" ဘလော့ဂ်ပို့စ် မှာ သူတို့အားလုံး complaint တက်ထားခဲ့ပါတယ်
"ခရစ္စမတ်အားလပ်ရက်ကို ရနိုင်မယ်လို့ ထင်ခဲ့တာ ဒါပေမယ့် ငါတို့အားလုံး Bangtan Room ကိုပဲ အပန်းဖြေခရီးထွက်ခဲ့ကြရတယ်" နဲ့ "Boss က အရမ်းဆိုးတယ် ငါတို့ကို ညစာလေးသွားစားဖို့တောင် အပြင်ကို မခေါ်ဘူး.....။"
လစ်ဘရယ်နိုင်ငံများနှင့် ယဉ်ကျေးမှုအများစုတွင်မှာပင် အကြိုပွဲဦးထွက်သင်တန်းသားတစ်ယောက်က ကုမ္ပဏီရဲ့ CEO နှင့်ပတ်သက်ပြီး တိုင်ကြားချက်များကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုရန် မလွယ်ကူပါဘူး
ကိုရီးယားနိုင်ငံဟာ အရင်းအနှီး၊ အချိန်နှင့် ကျွမ်းကျင်မှုအစီအစဥ်များမရှိဘဲ idol အဖွဲ့များ စတင်မတည်ထောင်နိုင်သော နိုင်ငံလည်း ဖြစ်တာကြောင့်ပါ....Bang Si-Hyuk က အဖွဲ့ဝင်များအား သူတို့၏ ကိုယ်ပိုင် ဘလော့ဂ်ပို့စ်များ ရေးသားကာ သူတို့၏ mixtape များ ဂျာနယ် များနှင့်အတူ သင်တန်းသားအဖြစ် ၎င်းတို့၏ အတွေးအမြင်များနှင့် ခံစားချက်များကို လူသိရှင်ကြား မျှဝေစေခဲ့ပါတယ်။
လေ့ကျင့်မှုဟာ တစ်နေ့တာရဲ့ အစိတ်အပိုင်းဖြစ်လာတဲ့အခါမှာ Jin အထင် သင်တန်းသားတွေဟာ သူတို့ကိုယ်သူတို့ ပြတ်ပြတ်သားသား စစ်မှန်တဲ့ပုံစံနဲ့ ပြောဆိုလာကြတယ်လို့ မြင်ပါတယ်
ဒါဟာ Beyond The Scene ဖြစ်လာမည့် အဖွဲ့ရဲ့အစပဲလို့ Jimin က သတိရနေခဲ့တယ်
Jimin
"hyung က သီချင်းစာသားတွေ ရေးနေတဲ့အချိန်မှာ သူတို့က ကျွန်တော့်ကိုပါ ထည့်သွင်း ရေးသားပေးဖို့ တောင်းဆိုတယ်။ "ဒီလိုအကြောင်းအရာမျိုးနဲ့ ပတ်သက်ပြီး ဘယ်လိုထင်လဲ။" "မင်းပတ်ဝန်းကျင်က ကလေးတွေက ဘယ်လိုမျိုးလဲ" "မင်းရဲ့ ကျောင်းနေဘက် သူငယ်ချင်း တစ်ယောက်ယောက်က သူတို့ရဲ့ အိပ်မက်တွေနောက်ကို လိုက်နေတာ မဟုတ်ဘူးလား" အဲလိုအရာတွေပေါ့ တကယ်ကို ကျေးဇူးတင်မိပါတယ်...."
YOU ARE READING
BEYOND THE STORY
Non-Fictionကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...