A Record of Mornings
YouTube တွင် အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက်ကြည့်ရှုခြင်းက BTS နဲ့ ARMY နှစ်ခုလုံးအတွက် အတွေ့အကြုံသစ်တစ်ခုဖြစ်လာပါတယ်။ SUGA က သူ့ရဲ့ကင်မရာကိုဖွင့်ပြီး အများအားဖြင့် အသံတိတ်ကာ ရုပ်ပုံများကို ရေးဆွဲပြမည်ဖြစ်ပြီး j-hope က သွေးပူလေ့ကျင့်ခြင်းနဲ့ သူ့ရဲ့အကများကို ဖော်ညွှန်းခြင်းအပါအဝင် လေ့ကျင့်မှုအပိုင်းတစ်ခုလုံးကို j-hope မှ ပြသမှာဖြစ်ပါတယ်။ ဒီထုတ်လွှင့်မှုများထဲမှာ "#StayConnected" နဲ့ " #CarryOn " တို့ထည့်ကာ BTS က ၎င်းတို့ရဲ့ နေ့စဉ်ဘဝများကို ပရိသတ်များဆီမျှဝေပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ၎င်းတို့လုပ်ဆောင်နေသည့်အရာများနဲ့ ၎င်းတို့ရဲ့စိတ်ကို ပြုစုပျိုးထောင်ရန် မည်သို့လေ့ကျင့်ခဲ့ကြသည်ကို ပြသရန် စီစဉ်ခဲ့ကြပါတယ်။
j-hope ကြုံတွေ့နေရတဲ့ ပုံမှန်ပုံစံက သူ့ကိုယ်သူ သိလာစေရန် အချိန်များစွာ အားထုတ်ခဲ့ရသူရဲ့ ရလဒ်ဖြစ်ပြီး ဒါက အခြားသူများကို စကားလုံးမပါဘဲ မပြောဘဲ မျှဝေခြင်းမျိုး ဖြစ်ပါတယ်။ SUGA ရဲ့ ပန်းချီကားကလည်း အတူတူပါပဲ။
SUGA
'ကပ်ရောဂါကာလအတွင်း ငါဘာလုပ်သင့်လဲ' ဆိုတာက အချိန်တိုင်းတွေးတဲ့ တစ်ခုတည်းသောအရာဖြစ်ပါတယ်။ ဖျော်ဖြေရေးခရီးစဉ်တစ်ခုမှာ နောက်ကလိုက်လုပ်ဖို့ သတ်မှတ်ထားတဲ့ အချိန်ဇယားတစ်ခု ရှိမယ် ဒါပေမယ့် အားလုံး ကွဲထွက်သွားပါတယ်။ 'စင်ပေါ်မှာ ငါဘယ်တော့မှ ခြေမချနိုင်တော့ဘူးဆိုရင် ငါက ဘယ်သူလဲ' လို့ တွေးမိပြီး အဲဒီအတွက် ကျွန်တော့်ရဲ့ အဖြေက စိတ်ထဲမှာ ဘာပဲဖြစ်နေဖြစ်နေ လုပ်ဖို့ပါပဲ။ ပန်းချီဆွဲခြင်းမျိုးက စိုးရိမ်ပူပန်မှုများကို မေ့လျော့စေပါတယါ။ ဒါဟာ ကျွန်တော့် ခေါင်းထဲကို အဆိုးမြင်စိတ်တွေ ဝင်လာသမျှကနေ ရုန်းထွက်နိုင်စေမယ့် ကိရိယာတစ်ခုပါပဲ။"
YOU ARE READING
BEYOND THE STORY
Literatura Faktuကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...