The battle of Razor-Sharp Dance
"Arrrrrrrrrrrrgh"
BTS ရဲ့ ပွဲဦးမထွက်ခင် လေ့ကျင့်ရေး လုပ်ငန်းစဉ်အကြောင်းကို မေးတဲ့အခါ j-hope က မရှင်းပြခင်မှာပဲ ကျယ်ကျယ်လောင်လောင် ညည်းတွားပြီး ဒီလို ပြောခဲ့ပါတယ်။
"နှိုးစက်က မနက် ၁၀ နာရီမှာ မြည်ပါတယ်... Salad နည်းနည်း၊ ပေါင်မုန့်နဲ့ ကြက်ရင်သားကို ယူပြီး လေ့ကျင့်ရေးစတူဒီယိုကို သွားကြတယ်။ ပြီးတော့ ကျွန်တော်တို့ "Argh!" လို့ အဆက်မပြတ်အော်ပြီးတော့ လေ့ကျင့်ရပြီး ခဏနေရင် ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ရတယ်။
ပြီးတာနဲ့ အားလုံးပြန်စပြီး "Arrrgh!" လို့ ထပ်ခါ ထပ်ခါ အော်ပြီးတော့ကို ပြန်ပြန် လေ့ကျင့်ကြရတယ်
အဲဒါ ည 10P.M ထိ တောက်လျှောက်ပဲ။ ပြီးရင်တော့ အဆောင်ပြန်ပြီး အိပ်ကြပြီပေါ့"အရင်က ဖော်ပြခဲ့တဲ့အတိုင်း Big Hit Entertainment က သူ့ကုမ္ပဏီ အရွယ်အစားထက် မျှော်လင့်ထားတဲ့ သင်တန်းသား အရေအတွက်က ပိုများနေတာပါ သင်တန်းသားအယောက်သုံးဆယ်နဲ့ စတင်ခဲ့တဲ့ ဖျော်ဖြေရေးကုမ္ပဏီတစ်ခု အနေနဲ့ တစ်ချို့သော အရာတွေကို ဦးစားပေးဖို့ မလွဲမသွေ လိုအပ်တာပေါ့။
လေ့ကျင့်ရေးစတူဒီယိုမှာတော့ အမြဲလိုလို လူစည်ကားနေပြီး သင်တန်းသားတွေကိုလည်း သင်ခန်းစာများဖြင့် အလှည့်ကျ လေ့ကျင့်ပေးကြတယ် လို့ Jin ကပြောပါတယ်Jin
"ကျောင်းပြီးလို့ အစမ်းလေ့ကျင့်မှုသွားလုပ်တဲ့အခါ စတူဒီယိုလေးခုရှိပြီး ယောက်ျားလေး သင်တန်းသားတွေကို စတူဒီယိုတစ်ခုထဲမှာ စုစည်းထားတာပါ။ တခြား အခန်းတွေကတော့ Glamရဲ့ ပွဲဦးထွက်ပြင်ဆင်မှု့အတွက်ကို ပြင်ဆင်ဖို့ အသုံးပြုခဲ့တာပေါ့"
YOU ARE READING
BEYOND THE STORY
No Ficciónကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...