Bohemian Rhapsody
2018 နှစ်ကုန်ပိုင်းမှာ BTS က သူတို့ရဲ့ breakup လုပ်ရမယ့် အကြပ်အတည်းကို ဖြတ်ကျော်ပြီးတဲ့အခါမှာ RM က ဂန္တဝင်ဗြိတိသျှရော့ခ်အဖွဲ့ Queen ရဲ့ဇာတ်လမ်းကိုပြောပြတဲ့ Bohemian Rhapsody (2018) ကို ကြည့်ရှုခဲ့ပါတယ်။ ရုပ်ရှင်ကြည့်ရင်း BTS ဖြတ်သန်းခဲ့ရတဲ့ အရာတော်တော်များများကို RM က ပြောပြပါတယ်။
RM
"ရုပ်ရှင်ထဲမှာ အခြားအဖွဲ့ဝင်တွေနဲ့ ရန်ဖြစ်ပြီးတဲ့အခါ Freddie Mercury က "အယ်လ်ဘမ်၊ tour၊ အယ်လ်ဘမ်၊ tour" ထပ်ခါတလဲလဲ လည်ပတ်မှုမှာ ပင်ပန်းနေပြီလို့ ပြောတယ်။ ဒါကို Brian May က မှတ်ချက်ပေးခဲ့တယ်။ ဒီမြင်ကွင်းကို ကြည့်ပြီး အတွေးများစွာ ပေါ်လာခဲ့ပါတယ်။"ဒီအပိုင်းမှာ Freddie Mercury က စိတ်ပိုင်းဆိုင်ရာအရ အဆက်မပြေဖြစ်နေခြင်းကို ပုံဖော်ထားပါတယ်။ Queen ရဲ့ ကြီးမားတဲ့ ကျော်ကြားမှုနဲ့အတူ သူတို့ရဲ့အချိန်ဇယားကလည်း ရှုပ်ထွေးနေပြီး စာနယ်ဇင်းတွေက သူတို့ရဲ့ ကိုယ်ရေးကိုယ်တာဘဝကို တူးဆွနေတာကြောင့် ရလဒ်အနေနဲ့ သူတို့က နားလည်မှုလွဲမှားမှုအမျိုးမျိုးနဲ့ ဝေဖန်မှုများ ပြည့်လျှံနေခဲ့ပါတယ်။
Freddie Mercury က သူ့အနေနဲ့ အယ်လ်ဘမ်များနဲ့ ဖျော်ဖြေရေးခရီးစဉ်များ ထပ်ခါထပ်ခါ ဖြစ်မနေချင်တော့ကြောင်း ပြောတဲ့အခါ Brian May က ပြန်ပြောပါတယ်။"အဲဒါက အဖွဲ့တွေတိုင်းလုပ်ရတာလေ ... album, tour, album, tour..."
Queen လိုပဲ BTS ကလည်း "အဖွဲ့တွေ ဘာလုပ်ကြသလဲ" ဆိုတာကို ရှောင်လွှဲလို့မရပါဘူး။ အချိန်အနည်းငယ်ပြန်ပြောင်းကြည့်လိုက်တော့ 2017 ခုနှစ် ဖေဖော်ဝါရီလမှာ YOU NEVER WALK ALONE အယ်လ်ဘမ်ထွက်ရှိခြင်းနဲ့ ထိုနှစ်ရဲ့ စက်တင်ဘာလမှာပဲ LOVE YOURSELF 承 'Her' အယ်လ်ဘမ်ထွက်ရှိခြင်းကြားမှာ BTSက မတူညီတဲ့နိုင်ငံနဲ့ ဒေသဆယ်ခုမှာ ဖျော်ဖြေပွဲပေါင်း 32 ပွဲဖျော်ဖြေခဲ့ရပါတယ်။
2017 BTS LIVE TRILOGY EPISODE III- THE WINGS TOUR ပေါ့။
YOU ARE READING
BEYOND THE STORY
Saggisticaကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးသော KPop အဖွဲ့ဖြစ်သည့် BTS (Bangtan Sonyeondan (Korean: "Bulletproof Boy Scouts" or "Bangtan Boys"),(방탄소년단 ) အဖွဲ့၏ ဖြတ်သန်းခဲ့ရသော 10နှစ်တာ အတွေ့အကြုံကို အမှတ်တရ ထုတ်ဝေပေးသော စာအုပ် - Beyond The Story ကို E-version...